
ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
အင်အားအလွန်ပြင်းထန်သောငလျင်ကြီးလှုပ်ခတ်မှုကြောင့် အချို့အဆောက်အဦးပျက်စီးပြိုကျ၍ပိတ်ထားရသော မန္တလေးနှင့် နေပြည်တော်လေဆိပ်ပြန်ဖွင့်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ ဧပြီ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ယနေ့ ဧပြီ ၄ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုမူ ဧပြီ ၅ ရက်နေ့ နံနက် ၆ နာရီမှ စတင်ကာ ပြန်လည်ဖွင့်လှစ်၍ ပြည်တွင်းလေကြောင်း ခရီးစဉ်များ ပုံမှန်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းဌာန ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်ကိုဗဟိုပြူ၍ ရစ်(ချ်)တာစကေး ၇ဒသမ၇ ပြင်းအားရှိသည့် ငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်လေဆိပ်တာဝါတိုင်ကျိုးကျပြီး ဝန်ထမ်းများသေဆုံးရကာ လေဆိပ်ပျက်စီးမှုများပြားသဖြင့် နေ့တွင်းချင်းပိတ်ထားရပြီး ၆ ရက်အကြာတွင် ပြန်လည်ဖွင့်နိုင်ခြင်းဖြစ်သည်။
ဓာတ်ပုံ -လူမှုကွန်ရက်
#နေပြည်တော် #မန္တလေးလေဆိပ်ပြန်ဖွင့် #Ayeyarwaddy_Times