
ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
မြန်မာနိုင်ငံရဲ့ မြေငလျင် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၁ သန်း ပံ့ပိုးကူညီဖို့ သီရိလင်္ကာနိုင်ငံက ကတိပြုခဲ့တယ်လို့ ဒုတိယ နိုင်ငံခြားရေးဝန် ကြီး အာရွန်ဟီအာချန်ဒရာက ပြောပါတယ်။
မြန်မာပြည်သူတွေနဲ့ အတူရပ်တည်တယ်လို့ ဗန်ကောက်မြို့မှာ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဉီးသန်းဆွေနဲ့ တွေ့ဆုံစဉ် ၎င်းက သတင်းစကားပါးခဲ့ပါတယ်။
မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ စေလွှတ်ဖို့နဲ့ ကျန်းမာရေးကဏ္ဍ အကူအညီပေးမယ့် အစီအစဉ်တွေကိုလည်း သူက ပြောဆိုခဲ့ပါတယ်။
ဆိုက်ဘာရာဇဝတ်နဲ့ဆက်စပ်တဲ့ မှောင်ခိုကူးမှုတွေမှာ ပိတ်မိနေတဲ့ သီရိလင်္ကာနိုင်ငံတွေကို နေ ရပ်ပြန်ပို့တဲ့ မြန်မာစစ်ကောင်စီကို ကျေးဇူးတင်ရှိကြောင်း အာရွန်ဟီအာချန်ဒရာက ပြောပါတယ်။
သံတမန်နည်းလမ်းတွေမှတစ်ဆင့် တရားမဝင် လူမှောင်ခိုကူးမှုတွေအတွက် ရေရှည်အဖြေရှာ မယ့် လိုအပ်ချက်ကို ၎င်းတို့က သဘောတူခဲ့ပါတယ်။
ကိုးကား – Daily Mirror
Ref; Sri Lanka pledges $1 Mn in aid for Myanmar
#Ayeyarwaddy_Times