ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်

မြန်မာမြေငလျင်လှုပ်ခတ်မှုမှာ ကြန့်ကြာတဲ့ တုံ့ပြန်မှုအတွက် အမေရိကန်အစိုးရကို ဒီမိုကရက် တစ် အထက်လွှတ်တော်အမတ်တွေက ဝေဖန်ခဲ့ပြီး အရေးပေါ် အကူအညီပေးအပ်ဖို့ တိုက်တွန်းလိုက်ပါ တယ်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်တို့ထံ ပေးပို့ခဲ့တဲ့ စာ တစ်စောင်မှာ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် (၆) ဉီးက အမေရိကန်အစိုးရရဲ့ မြန်မာမြေင လျင်အရေး ကိုင်တွယ်ဖြေရှင်းပုံကို ရှုတ်ချခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မြေငလျင်လှုပ်ခတ်မှုကြောင့် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ်နဲ့ ထိုင်းအပါအဝင် နိုင်ငံများစွာက မြန်ဆန်စွာ ကူညီခဲ့ပေမယ့် အမေရိကန်နိုင်ငံက အရေးပေါ်တုံ့ပြန်မှု ရှင်း လင်းစွာ မရှိခဲ့ဖူးလို့ အထက်လွှတ်တော်အမတ် (၆) ဉီးက ပြောပါတယ်။

“အမေရိကန်အစိုးရရဲ့ မြန်မာ့မြေငလျင်လှုပ်ခတ်မှု တုံ့ပြန်ခြင်းအပေါ် အလွန် စိုးရိမ်မိကြောင်း၊ အ မေရိကန်အစိုးရရဲ့တုံ့ပြန်မှုက ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်နိုင်ငံရဲ့ရန်သူတွေဟာ အမေရိကန်နိုင်ငံထက် ယုံကြည်စိတ်ချရတယ်ဆိုတဲ့ အချက်ပေးမှုဖြစ်တယ်” လို့ အဆိုပါစာက ဖော်ပြပါတယ်။

အမေရိကန်အစိုးရက ပမာဏကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပါက စေလွှတ်လေ့ရှိတဲ့ ဘေးအန္တရာယ် အကူအညီတုံ့ပြန်ရေးအဖွဲ့ (DART) ကို ဘာကြောင့် မစေလွှတ်သလဲဆိုတာကို အထက် လွှတ်တော်အမတ်တွေက မေးမြန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက် သေဆုံးသူ ၃၀၀၀ ကျော်ရှိကာ ရာနဲ့ ချီ ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကူအညီပေးရေး လေကြောင်းခရီးစဉ် ၅၃ ခု ဆင်းသက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ ၁၅ ခုမှ ကယ်ဆယ်ရေးလုပ်သား ၁၉၀၀ ကျော် ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – Anadolu
Ref; Democratic senators criticize Trump administration’s response to Myanmar quake disaster

#Ayeyarwaddy_Times