
ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တည်းခိုသည့် ဟိုတယ်တွင်း ဝင်ရောက် ဆန္ဒပြခဲ့သည့် ထိုင်းတက္ကသိုလ်ကျောင်းသား ဖမ်းဆီးခံ ရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။
ဆန္ဒပြခဲ့သည့် တက္ကသိုလ်ကျောင်းသား ပွမ်သည် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခံရချိန်တွင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့် မဆန့်ကျင်သည့်အတွက် ရဲတပ်ဖွဲ့မှ အမှုမဖွင့်ဘဲ ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းတက္ကသိုလ်ကျောင်းသား ပွမ်က ထိုင်းနိုင်ငံအနေဖြင့် မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း၊ အစည်းအဝေးသည် အပြစ်မဲ့သူ ၆၀၀၀ ကျော်၏ သွေးများ စွန်းနေကြောင်း စသည်ဖြင့် ပြောဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြခဲ့သည့် တက္ကသိုလ်ကျောင်းသား အနေဖြင့် ခွင့်ပြုချက်လိုအပ်သည့် နယ်မြေတွင် ဆန္ဒပြခဲ့သည့် အတွက် ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ယနေ့တွင် အမှုမဖွင့်သော်လည်း အထောက်အထားများယူထားပြီဖြစ်သည့်အတွက် နောင်တစ်ချိန်တွင် အမှုဖွင့်တရားစွဲဆိုနိုင်ခြေ ရှိကြောင်း သိရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် သည် BIMSTEC အစည်းအဝေးတက်ရောက်ရန်အတွက် ယမန်နေ့ ဧပြီ ၃ ရက်နေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ကိုးကား – ประชาไท Prachatai.com
#Ayeyarwaddy_Times