
ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
မြေငလျင် ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ပစ္စည်းကိရိယာတွေ ဘေးကင်းအောင်လုပ်ဆောင်ကြ ဖို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းတယ်လို့ တရုတ် နိုင်ငံခြားရေးဝန် ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
တရုတ်ကြက်ခြေနီအသင်းမှ လှူဒါန်းတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ မြန်မာနိုင်ငံသို့ ရောက်ရှိလာ ခဲ့ပြီး မြေငလျင်ဘေးသင့် မန္တလေးသို့ ပို့ဆောင်နေပြီလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Guo Jiakun က နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“လက်ရှိမှာ ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဘေးကင်းလုံခြုံပါတယ်” လို့ ၎င်းက ဆိုပါတယ်။
လက်ရှိမှာ ထိပ်တန်းဉီးစားပေးက ဘေးအန္တရာယ် ကယ်ဆယ်ရေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ အ ဖွဲ့အစည်းအားလုံးက အခက်အခဲတွေကိုကျော်ဖြတ်နိုင်ရေး လက်တွဲဆောင်ရွက်ဖို့ တရုတ်နိုင်ငံက မျှော် လင့်ကြောင်း၊ ဘေးကင်းတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ လုပ်ဆောင်ပေးဖို့ မြန်မာနိုင်ငံကို တိုက်တွန်းတယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့အညီ ငလျင်ဘေးသင့်ဒေသတွေသို့ အတတ်နိုင်ဆုံး ပံ့ပိုးကူညီမှု ပေးလိုတယ်လို့ Guo Jiakun က ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် သေဆုံးသူ ၂၈၈၆ ဉီး၊ ဒဏ်ရာရရှိသူ ၄၆၃၉ ဉီးနဲ့ ပျောက်ဆုံးသူ ၃၇၃ ဉီးအထိ ရှိလာခဲ့ပြီလို့ မြန်မာစစ်ကောင်စီက ပြောပါတယ်။
မြန်မာနိုင်ငံရှိ တရုတ်သံရုံးက မြန်မာကြက်ခြေနီအသင်းသို့ ငွေကြေးအကူအညီ ယွမ် ၁ ဒသမ ၅ သန်းနဲ့ညီမျှတဲ့ ဒေါ်လာ ၂၀၆၇၀၀ ပေးအပ်ခဲ့ပါတယ်။
ကိုးကား – CGTN
Ref; China urges all parties in Myanmar to ensure relief workers, supplies’ safety
#Ayeyarwaddy_Times