
ဧရာဝတီတိုင်းမ်
ဧပြီလ ၃ ရက်
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗန်ကောက်မြို့မှာ ဧပြီ ၄ ရက်မှာပြုလုပ်မယ့် ဘင်းစ တက်ခ် ထိပ်သီးဆွေးနွေးပွဲကို လူကိုယ်တိုင်တက်ရောက်မယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ပါတယ်။
မြန်မာစစ်တပ်က အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ဖို့ ပျက်ကွက်တာကြောင့် အနောက်နိုင်ငံတွေက မင်းအောင်လှိုင်ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
“သူက ထိပ်သီးဆွေးနွေးပွဲကို လူကိုယ်တိုင် တက်ရောက်မှာဖြစ်ပေမယ့် ကျွန်တော် သူ့ရဲ့ခရီး စဉ် အသေးစိတ်ကို မရရှိသေးပါဘူး” လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ် ဘာလန်ကူရာက ပြောပါတယ်။
မင်းအောင်လှိုင်ဟာ ထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင် တက်ရောက်မယ်လို့ အမည်မဖော် လိုတဲ့ ထိုင်း တာဝန်ရှိသူတစ်ဉီးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မင်းအောင်လှိုင်က ထိပ်သီးဆွေးနွေးပွဲကို အွန်လိုင်းမှ တက်ရောက်နိုင်တယ်လို့ ထိုင်းနိုင်ငံက ဒီသီ တင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
နှစ်များစွာအတွင်း မြန်မာနိုင်ငံရဲ့ လူအသေအပျောက်အများဆုံး ငလျင်လှုပ်ခတ်မှုကြောင့် ရွေး ကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့တဲ့ အထီးကျန် စစ်ကောင်စီကို သံတမန်လမ်းကြောင်း တွေ ရရှိလာစေခဲ့ပါတယ်။
ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနဲ့ ဘူတန်တို့ပါတဲ့ ဘင်းစတက်ခ် ထိပ် သီးဆွေးနွေးပွဲကို ဧပြီလ ၂ ရက်မှ ၄ ရက်အထိ ဗန်ကောက်မြို့တော်မှာ ကျင်းပလျက်ရှိပါတယ်။
ကိုးကား – Reuters
Ref; Myanmar junta chief to join regional summit in person, Thailand says
#Ayeyarwaddy_Times