
ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
အင်အားပြင်း မြေငလျင်တွေ လှုပ်ခတ်ခဲ့ရာ မြန်မာနိုင်ငံမှာ ချက်ချင်း အပစ်အခတ်ရပ်စဲကြဖို့ ကု လသမဂ္ဂ တာဝန်ရှိသူတွေက တောင်းဆိုလိုက်ပါတယ်။
မြေငလျင်ကြောင့် သေဆုံးရသူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ကုလသမဂ္ဂ လူသား ချင်းစာနာမှုဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး မာကိုလူဂီကော်စီက ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပြီး အခြေအနေ အလွန်ဆိုးရွားတယ်လို့ ဆိုပါတယ်။
“မြေငလျင် မလှုပ်ခတ်မီကမီ မြန်မာပြည်သူ သန်း ၂၀ နီးပါးဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတာပါ” လို့ သူက ဆိုပါတယ်။
လက်ရှိ လိုအပ်ချက်တွေကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ ဒေသန္တရ အာဏာပိုင်တွေ၊ လူသား ချင်းစာနာမှု မိတ်ဖက်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ သက်ကြီးပြည် သူတွေနဲ့ မသန်စွမ်းတွေကို အလေးထားပြီး ကူညီနေတယ်လို့ ၎င်းက ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့ဟာ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ၊ ရွက်ဖျင်တဲတွေ၊ သောက်သုံးရေတွေ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးမယ့် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၁၅ သန်း ခွဲဝေသတ် မှတ်ခဲ့တယ်လို့ သိရပါတယ်။
မြေငလျင်က ရှိယင်းစွဲ ဆိုးရွားတဲ့ အခြေအနေကို ပိုမို ဆိုးရွားစေခဲ့လို့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘီးရှော့ပ်က ထုတ်ပြန် ချက်တစ်ခုမှာ ပြောပါတယ်။
လူသားချင်းစာနာမှု အကူအညီ အဟန့်အတားမရှိ အပြည့်အဝ ပေးအပ်ခွင့်ပြုဖို့ အပြည်ပြည်ဆိုင် ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) လိုမျိုး လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာစစ်ကောင်စီ အာဏာပိုင် တွေကို တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – Jurist News
Ref; UN officials call for ceasefire to facilitate humanitarian aid following Myanmar earthquakes
#Ayeyarwaddy_Times