
ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာသို့ စစ်ကောင်စီတပ်များမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ရွာသားများအသက်လုထွက်ပြေးရ
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၅ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာသို့ စစ်ကောင်စီတပ်များမှ ယနေ့ဩဂုတ်လ ၂၅ ရက် မနက် ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ရွာသားများ ဘေးလွှတ်ရာသို့ အသက်လုပြေးထွက်ပြေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ဆောင်နန်းခဲရွာနှင့် လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထားသောတပ်များဖြစ်ပြီး ရွာထဲသို့ အဖွဲ့ ၂ ဖွဲ့ခွဲကာ ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် အသက် ၄၀ ရွာသားတစ်ဦး၏ လက်မောင်းအား ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။
ဝင်ရောက်ပစ်ခတ်ခံရသည့် လွယ်ပေါရွာအပါအဝင် စစ်ဘေးရှောင် ကျေးရွာ ၇ ရွာသည် ယခုနှစ် မေလမှ စတင်၍ စစ်ဘေးရှောင်နေခဲ့ရသည့် ကျေးရွာများဖြစ်ကြပြီး အဆိုပါကျေးရွာများအတွင်း PDF များတပ်စွဲထားခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။
#ဖယ်ခုံ #လွယ်ပေါ #စစ်ကောင်စီ #ဝင်ရောက်ပစ်ခတ်
#Ayeyarwaddy_Times