စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းနဲ့ခင်ပွန်းကို ဖမ်းဆီး
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၅ ရက်
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းကို စစ်ကောင်စီ အာဏာပိုင်တွေက ထိန်းသိမ်းလိုက်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
Myanmar Centre for Responsible Business (MCRB) ကို တည်ထောင်ထားသူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမင်းနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ ကိုထိန်လင်းတို့ကို မနေ့က ထိန်းသိမ်းခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗစ်ကီဘိုးမင်းနဲ့ အနုပညာရှင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုထိန်လင်းတို့ကို ဘာပုဒ်မနဲ့ တရားစွဲဆိုပြီး ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားမယ်ဆိုတာ မသိရသေးပါဘူး။
“မြန်မာနိုင်ငံမှာ ဗြိတိန်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စိုးရိမ်မိပါတယ်။ မိမိတို့အနေနဲ့ ဒေသန္တရ အာဏာပိုင်တွေနဲ့ ဆက်သွယ်နေပြီး လိုအပ်တဲ့အကူအညီတွေ ပေးနေပါတယ်” လို့ ဗြိတိန်သံရုံးမှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ဗစ်ကီဘိုးမင်းဟာ ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံမှာနေထိုင်တာ ဆယ်စုနှစ်သုံးခုကျော် ရှိပါပြီ။
ဗစ်ကီဘိုးမင်းနဲ့ခင်ပွန်းဖြစ်သူတို့ ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံ မှတ် ချက်ပေးရန် ဖုန်းခေါ်ဆိုခဲ့သော်လည်း တုံ့ပြန်မှုမရခဲ့ပေ။
ဓာတ်ပုံ – မစ္စဗစ်ကီဘိုးမင်း(လူမှုကွန်ယက်)။
ကိုးကား – Reuters
Ref; Authorities in Myanmar detain Britain’s former ambassador, Vicky Bowman, and her husband