
ရေးမြို့တံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့စီးနင်းပစ်ခတ်ခဲ့ပြီး စစ်ဆေးရေးဂိတ်အလံပါသိမ်းယူလာ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၅ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ဒီကနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစီးနင်းပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သား (၅) ဦးထက်မနည်း ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။ စစ်ကောင် စီဘက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေပါတယ်။
ရေးဘီလူးကထုတ်ပြန်တော့ရုပ်သံမှာတော့ စစ်ကောင်စီတံတားစစ်ဆေးရေးဂိတ်ကိုပစ်ခတ်စီးနင်းခဲ့ပြီး အလံပါဖြုတ်ယူလာတယ်လို့ပြောဆိုထားပါတယ်။
သြဂုတ်လ ၂ ရက်နေ့ကလည်း ရေးဘီလူးအဖွဲ့က ရေးမြို့နယ်လဝကရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဦးစီးမှူးအပါအဝင် ၅ ဦးထိခိုက်သေဆုံးခဲ့ပါတယ်။
ရုပ်သံ – ရေးတံတားဂိတ်ကိုစီးနင်းပစ်ခတ်ပြီးပြန်လာသည့်ရုပ်သံ။( YE ဘီလူး)
#AyeyarwaddyTimes