
ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
ငလျင်ဘေးသင့် မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ကူညီရေးအဖွဲ့ စေလွှတ်ဖို့ ဂျပန်အစိုးရက ဆုံး ဖြတ်လိုက်တယ်လို့ သိရပါတယ်။
အဖွဲ့ဝင် ၃၂ ဉီးပါအဖွဲ့မှာ ဆရာဝန်တွေ၊ သူနာပြုတွေ ပါဝင်မှာဖြစ်ပြီး ၎င်းတို့ဟာ ဧပြီလ ၂ ရက် မှာ တိုကျိုမြို့မှ ထွက်ခွာမယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး အိုင်ဝါယာတာကေးရှိက သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာ ကူညီရေးအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိပြီးဖြစ်တဲ့ ဂျပန်သုတေသီတွေနဲ့ ပူးပေါင်းသွားမယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ခတ်ပြီးနောက် ဂျပန်အစိုးရက ရေစိမ်ခံ အမိုးအကာတွေ၊ ရွက်ဖျင်တဲတွေ ပို့ဆောင်ခဲ့ပါတယ်။
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ ကုလသမဂ္ဂမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်တွေ၊ ရေသန့်စက်တွေနဲ့ အခြား ကယ်ဆယ်ရေးပစ္စည်းတွေ မြန်ဆန်စွာ ပေးပို့ဖို့ ဂျပန်အစိုးရက ပြင်ဆင်နေပါတယ်။
မြေငလျင်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း အိုင်ဝါယာတာ ကေးရှိက ပြောကြားခဲ့ပါတယ်။
ဂျပန်အစိုးရဟာ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ တတ်နိုင်သမျှ ဆက် လက် ထောက်ပံ့မယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကိုးကား – NHK
Ref; Japan to send medical team to Myanmar
#Ayeyarwaddy_Times