
ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
မြန်မာနိုင်ငံမှာ လူ ၂၀၀၀ ကျော် သေဆုံးစေခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးမှာ ကူညီဖို့ အမေရိကန်နိုင်ငံက အကူအညီ ဒေါ်လာ ၂ သန်း ထောက်ပံ့ကာ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်မယ်လို့ သိရပါတယ်။
“အမေရိကန်နိုင်ငံဟာ မြေငလျင်ဘေးသင့် အသိုင်းအဝိုင်းတွေကို ပံ့ပိုးကူညီဖို့ မြန်မာအခြေစိုက် လူသားချင်းစာနာမှု အဖွဲ့အစည်းတွေမှတစ်ဆင့် ဒေါ်လာ ၂ သန်း ထောက်ပံ့ပါမယ်” လို့ နိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပြောပါတယ်။
အမေရိကန်နိုင်ငံက မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း၊ အလွန် ခက်ခဲနေချိန်မှာ မြေင လျင်ကြောင့် အသက်ဆုံးရှုံးရသူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မတ်စ်ရဲ့ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနတို့က USAID ကို ဖျက်သိမ်းကာ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို ထုတ်ပယ်ပြီး ရန်ပုံငွေ ၈၀ ရာခိုင်နှုန်းကို ဖြတ်တောက် ပြီးနောက် မြန်မာနိုင်ငံသို့ မြေငလျင်အကူအညီ ပေးအပ်တာပါ။
မြေငလျင် လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ အဆောက်အ အုံ ၁၀၀၀၀ ကျော် ပြိုကျ သို့မဟုတ် ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။
ရုရှား၊ တရုတ်၊ အိန္ဒိယ၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ အာရှတိုင်းပြည်များစွာဟာ မြေင လျင်ဘေးသင့် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ကာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ် ငန်းတွေ ဆောင်ရွက်နေပါတယ်။
ကိုးကား – CBS
Ref; US pledges $2M aid to Myanmar after deadly earthquake, denies USAID cuts limit response
#Ayeyarwaddy_Times