ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

အင်ဒိုနီးရှားအစိုးရက ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ရာ မြန်မာနိုင်ငံသို့ ကူ ညီရေးနဲ့ ရှာဖွေရေးအဖွဲ့ စေလွှတ်လိုက်ပါတယ်။

“မြန်မာစစ်ကောင်စီရဲ့ မေတ္တာရပ်ခံချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ကျွန်တော်တို့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့တာပါ” လို့ အမျိုးသား ဘေးအန္တရာယ်လျှော့ချရေးအေဂျင်စီ အကြီးအ ကဲ ဆူဟာယန်တိုက ပြောပါတယ်။

ယခုအကူအညီဟာ ဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ တိုင်းပြည်တစ်ခုအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ ပံ့ပိုးကူညီမှုဖြစ်တယ်လို့ ၎င်းက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ မြေငလျင်လှုပ်ခတ်ပြီး တစ်ရက်အကြာမှာပြုလုပ်တဲ့ ဝန်ကြီးအဆင့် အစည်းအ ဝေးမှာ အကူအညီပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ လူသားဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေးဝန်ကြီး ပရာတက်ခ်နိုက ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တွေအပြင် အင်ဒိုနီးရှားစစ် တပ်မှ တပ်ဖွဲ့ဝင်တွေ အပါအဝင် စုစုပေါင်း ၇၃ ဉီး ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာပြည်သူတွေအတွက် အကူအညီဟာ နိုင်ငံတကာအဆင့်မှာ အင်ဒိုနီးရှားနိုင်ငံက ထောက်ပံ့ ခဲ့တဲ့ ပမာဏအများဆုံး လူသားချင်းစာနာမှု အကူအညီဖြစ်တယ်လို့ ဆူဟာယန်တိုက ဆိုပါတယ်။

ကိုးကား – Antara News
Ref; Indonesia sends aid, USAR to quake-hit Myanmar

#Ayeyarwaddy_Times