
ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
ငလျင်ဘေး ကူညီကယ်ဆယ်ရေးများလုပ်ရာ၌ စေတနာရှင်များက K-pay က တစ်ဆင့် လှူဒါန်းငွေထည့်ဝင်ရာတွင် K-pay ငွေသားထုတ်ယူ လွှဲပြောင်းရေးကန့်သတ်ချက်များအပါအဝင် ထုတ်ခရာခိုင်နှုန်းပေးရသဖြင့် လုပ်ငန်း ကြန့်ကြာမှုများရှိကြောင်း ငလျင်ဘေးကူညီရေး လုပ်ဆောင်နေသည့် လူမှုရေးအသင်းအဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်အပါအဝင် ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ငွေသားထုတ်ယူမှုအတွက် အခက်အခဲများ ရှိကြောင်းသိရသည်။
K-pay မှ ငွေသားထုတ်ယူရာတွင် ကျပ်တစ်သိန်းကို ၃ ရာခိုင်းနှုန်းမှ ၈ ရာခိုင်နှုန်းကြားပေးရပြီး အချို့ဆိုင်များတွင် ငွေသားထုတ်ယူနိုင်ခြင်းမရှိကြောင်း လူမှုကူညီရေးလုပ်နေသူတစ်ဦးက ဆိုသည်။
” စစ်ကိုင်းမှာ K-pay ထုတ်လို့မရဘူး။ အလှူငွေကို ကိုယ်ပိုင် ပိုက်ဆံနဲ့စိုက်သုံးနေရတယ်။ K-pay ထုတ်ရတာ အခက်အခဲဖြစ်တယ်” ဟု စစ်ကိုင်းမြို့တွင် ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် K-pay ငွေသားအဝင်များပြား၍ ငွေသားကန့်သတ်ချက်ပိတ်ထားမှုကြောင့် အလှူငွေသား စီးဆင်းမှုခက်ခဲကြောင်းသိရသည်
KBZ ဘဏ်၏ K-pay ငွေသားအသွင်းအထုတ်ကန့်သတ်ချက်တွင် ကျပ် သိန်း ၅၀ ကန့်သတ်ထားပြီး QR payment ဖြင့် ကျပ် သိန်း ၁၀၀ သတ်မှတ်ထားကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#kpay #ငွေသားကန့်သတ်ချက် #ငွေစီးဆင်းမှုကြန့်ကြာ #Ayeyarwaddy_Times