
ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ပြီး နောက် မြန်မာနိုင်ငံသို့ အဖွဲ့ဝင် (၅) ဉီးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်မယ်လို့ ဂျပန်အစိုးရက ပြောပါ တယ်။
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ဝန်ထမ်းတွေနဲ့ ကျန်းမား ရေးလုပ်သားတွေဟာ တနင်္ဂနွေနေ့ညပိုင်းက ဂျပန်နိုင်ငံမှ ထွက်ခွာခဲ့ပါတယ်။
ဂျပန်ကျွမ်းကျင်သူတွေဟာ ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ရေးအတွက် အပြီးသတ် ဆုံးဖြတ်ချက်တစ်ရပ် မချမှတ်မီ မြန်မာနိုင်ငံမှာ မြေငလျင်လှုပ်ခတ်မှု အခြေအနေကို အကဲ ဖြတ်မှာဖြစ်ပါတယ်။
ဂျပန်အစိုးရဟာ မြေငလျင် လှုပ်ခတ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေအတွက် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ပြင်ဆင်မှုတွေ စတင်တော့မယ်လို့ သိရပါတယ်။
ပြင်းအားမြင့် မြေငလျင် လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံမှာ လူ ၂၀၅၆ ဉီး သေဆုံးကာ ၃၉၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၂၇၀ ကျော် ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။
ထိုင်းနိုင်ငံမှာ မြေငလျင် လှုပ်ခတ်မှုကြောင့် လူ ၁၁ ဉီးထက်မနည်း သေဆုံးကာ ၇၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; Japan sends investigation team to quake-hit Myanmar
#Ayeyarwaddy_Times