ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဝါးတောကွင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲသဖြင့် ပြည်သူ သုံးဦးသေဆုံးကာ တစ်ဦးမှာ ခြေထောက်ပြတ်သွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

မတ်လ ၃၁ ရက်ညပိုင်းတွင် ဝါးတောကွင်းရွာကို ဗုံးကြဲခဲ့ခြက်းဖြစ်ပြီး နေအိမ်အချို့ မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။ အဆိုပါကျေးရွာသည် လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်အစပ်တွေရှိသည့် ကျေးရွာဖြစ်သည်။

“အိမ်ငါးလုံးပြာကျတယ်။ လူသုံးယောက်သေတယ်။ သေတဲ့သုံးယောက်က လင်မယားနှစ်ယောက်ရယ် အသက်ကြီးအမျိုးသမီးတစ်ဦးနဲ့ စုစုပေါင်းသုံးယောက်သေတယ်။ တစ်ယောက်ကတော့ ခြေထောက်ပြတ်သွားတယ် “ဟု အင်္ဂပူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်

ကျုံပျော်မှ ထွက်ခွာလာသည့် စက်တပ်လေထီးနှစ်စီးသည် ကညင်ကိုင်းနှင့် လဲခုံလေးကျေးရွာများကိုလည်း ယမန်နေ့ မတ် ၃၁ ရက် ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ဗုံးကြဲခဲ့သေးသည်။

စစ်ကောင်စီသည် ပြည်သူများ ငလျင်ဒဏ်ခံစားနေရချိန်တွင် ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ကို စက်တပ်လေထီး၊ ဒရုန်းနှင့် လေယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်ခံစားနေရသည့် ပြည်သူများကို စာနာသောအားဖြင့် ထိုးစစ်ကို နှစ်ပတ်ကြာရပ်တန့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်မှ စက်တပ်လေထီးနှင့်လေ့ကျင့်နေစဥ်(ပုံဟောင်း)

#ဧရာဝတီတိုင်း #ရေကြည် #အင်္ဂပူ #လေးမျက်နှာ #ဝါးတောကွင်း #စစ်ကောင်စီ #စက်တပ်လေထီး #လေယာဉ် # ဗုံးကြဲ #Ayeyarwaddy_Times