ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီနှင့် အတူပူးပေါင်းတိုက်ခိုက်ခဲ့သည့် ပျူစောထီး ပြည်သူ့စစ်အဖွဲ့ဝင်များ ၁၀၀ ကျော် သေဆုံးကြောင်း သိရသည်။

ရေကြည်၊ အသုတ်၊ ငသိုင်းချောင်း မြို့နယ်များသို့ ပြည့်သူ့စစ်အင်အား တစ်မြို့နယ်လျှင် ၆၀ယောက်ဖြင့် ပို့ထားရာ ယခု အယောက် ၈၀ ဝန်းကျင်ခန့်သာ အသက်ရှင် ကျန်ရစ်ကြောင်း သိရသည်။

“အမတ ၃၄၄ကာကင်းတွေပြုတ်တာမှာ ပျူစောထီးတွေပါ သေကုန်တယ်။ အခုလူအင်အား ထပ်ဖြည့် မယ် ကြားပါတယ်” ဟု ရေကြည်မြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အင်အားလိုအပ်ချက်ကို စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားသစ်များနှင့် အစားထိုးရန် စီစဉ်နေပြီးအမှတ် (၃၄၄) အမြောက်တပ် (အမတ-၃၄၄) သို့ သင်တန်းသားသစ် ၁၀၀ခန့်ပို့ရန်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ပွဲသည် ရေကြည် အမြောက်တပ် အနီးရှိရောက်ရှိလာပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ယမန်နေ့ မတ် ၃၁ ရက်က ရေကြည်မြို့နယ်ရှိ ကညင်ကိုင်းနှင့် လဲခုံလေးကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီး နှစ်စီးဖြင့် ဗုံးလာရောက်ကြဲချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုသိမ်၊ မုံရွာ လမ်းပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်စုသည်လည်း တော်လှန်ရေးတပ်များ၏ ထိုးစစ်ကြောင့် တစ်ရွာပြီးတစ်ရွာ တပ်ဆုတ်လာရာ ယခုအခါတွင် ကုန်းပြင်ရွာ အေးရိပ်သာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)

#ရေကြည် #အမတ၃၄၄ #ပျူစောထီး #၁၀၀ဝန်းကျင် #သေဆုံး #Ayeyarwaddy_Times