ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

မလေးရှား ဘေးအန္တရာယ် ကူညီရေးနဲ့ ကယ်ဆယ်ရေး အထူးအဖွဲ့ (SMART) ဟာ မြန်မာနိုင်ငံ၊ စစ်ကိုင်းခရိုင်ရှိ မြေငလျင်ဘေးသင့် ဘာသာရေးအဆောက်အအုံတွေမှာ ပိတ်မိနေသူတွေကို ရှာဖွေရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းခရိုင်ရှိ လူ ၂၀ ပိတ်မိနေဆဲဖြစ်တဲ့ နေရာသုံးခုမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ဆောင် နေတယ်လို့ အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ (NADMA) က ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောပါတယ်။

“အဖွဲ့ဝင် ၅၀ ဉီးပါ မလေးရှား ကယ်ဆယ်ရေးအဖွဲ့ဟာ ဗလီဝတ်ပြုကျောင်းတွေ၊ ဘုရားကျောင်း တွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေလိုမျိုး အရေးပါတဲ့ အဆောက်အအုံတွေမှာ ရှာဖွေရေးနဲ့ ကယ် ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မလေးရှား ကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မာစစ်တပ်ရဲ့ ဗုံးကြဲခံနေရဆဲ ပဋိပက္ခနယ်မြေတွေမှာ လုံ ခြုံရေးပြဿနာတွေနဲ့ စစ်ကိုင်းဝန်းကျင်မှာ မြေမြှုပ်မိုင်းအန္တရာယ်တွေ ကြုံတွေ့နေရတယ်လို့ သိရပါ တယ်။

အပူချိန် ၃၈ မှ ၄၁ ဒီဂရီဆဲစီးယပ်စ်ရှိတဲ့ ရာသီဉတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လူ သားချင်းစာနာမှုမစ်ရှင်တွေ လုပ်ဆောင်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါ တယ်။

“အသက်ရှင်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ မရှိတာဟာ ငလျင်ဘေးသင့်ဒေသတွေရှိ ငလျင်ဒဏ်ခံပြည်သူတွေအတွက် ခြိမ်းခြောက်မှု ဖြစ်စေပါတယ်” လို့ ထုတ်ပြန်ချက်က ပြောပါတယ်။

ကိုးကား – Bernama
Ref; Malaysian rescue team focuses on rescuing victims trapped in places of worship and schools in search for Myanmar quake survivors

#Ayeyarwaddy_Times