ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

တရုတ်ကယ်ဆယ်ရေးသမားတွေက ငလျင်ဘေးသင့်မြန်မာနိုင်ငံမှာ လူခြောက်ဉီးရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂေါင်ကျားကန်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နာရီ ၆၀ နီးပါး ပိတ်မိနေသူ လေးဉီးကို တနင်္လာနေ့မနက်ပိုင်းက ကယ်ဆယ်ခဲ့ပြီး တနင်္ဂနွေနေ့ မှာ လူနှစ်ဉီးကို အပျက်အစီးတွေအောက်မှ ဆွဲထုတ်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်အစိုးရ ထောက်ပံ့တဲ့ ရွက်ဖျင်တဲနဲ့ စောင်တွေပါဝင်တဲ့ ပထမအသုတ် ကယ်ဆယ်ရေး ပစ္စည်းတွေဟာ တနင်္လာနေ့မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပါ တယ်။

မြန်မာနိုင်ငံသို့ အကူအညီအဖြစ် ဒေါ်လာ ၁၃ ဒသမ ၉ သန်းနဲ့ညီမျှတဲ့ ယွမ် သန်း ၁၀၀ လှူဒါန်း မယ်လို့ တရုတ်အစိုးရက ကတိပြုခဲ့ပါတယ်။

သီးခြားအနေနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က မြန်မာနိုင်ငံသို့ ယွမ်တစ်သန်းတန်ကြေးရှိ ကယ် ဆယ်ရေးပစ္စည်းတွေ ပေးပို့ခဲ့ပါတယ်။

ယူနန်ပြည်နယ်အစိုးရဟာ အဝတ်အထည်တွေ၊ ဆေးဝါးတွေ၊ ခေါက်ဆွဲခြောက်တွေ၊ ရွက်ဖျင်တဲ တွေနဲ့ နေ့စဉ်သုံးကိရိယာ ၇ တန်ကျော် တင်ဆောင်လာတဲ့ စင်းလုံးငှားလေယာဉ် မြန်မာနိုင်ငံသို့ စေ လွှတ်ခဲ့ပါတယ်။

တရုတ်သံတမန်အဖွဲ့တွေဟာ အကူအညီပေးပို့မှုကို အနီးကပ် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မြန် မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Jia က ပြောပါတယ်။

မြန်မာနိုင်ငံရှိ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံသား ပညာရှင်တွေ၊ ကယ်ဆယ် ရေးသမားတွေနဲ့ ကျန်းမာရေးဝန်ထမ်း ၄၀၀ ခန့် ပါဝင်နေတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – CGTN
Ref; China rushes aid and rescuers to Myanmar after magnitude-7.9 earthquake

#Ayeyarwaddy_Time