
ယူကရိန်းလွတ်လပ်ရေးနေ့မှာ ဘူတာရုံကို ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံး
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၅ ရက်
ယူကရိန်းနိုင်ငံက ရုရှားကျူးကျော်စစ် ခြောက်လပြည့်အထိမ်းအမှတ် ကျင်းပနေစဉ် ဘူတာရုံတစ်ရုံကို ရု ရှားတို့က ဒုံးကျည်တွေ တိုက်ခိုက်ခဲ့လို့ လူ ၂၂ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒိုးနက်ခ်မြို့ရဲ့အနောက်ဘက် မိုင် ၉၀ ခန့်အကွာ Chaplyne မြို့က ဘူတာရုံ တစ်ရုံကို ဒုံးကျည်တွေ ထိမှန်ခဲ့တယ်လို့ ယမန်နေ့နှောင်းပိုင်းက ကုလသမဂ္ဂကိုပြောကြားတဲ့ မိန့်ခွန်းတစ်ခုအတွင်း သမ္မတ ဇီလန်စကီးက ထည့်သွင်းပြောခဲ့ပါတယ်။
“ကယ်ဆယ်ရေးသမားတွေက ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေပေမယ့် ကံမကောင်း စွာနဲ့ပဲ သေဆုံးသူဦးရေ တိုးလာနိုင်ပါတယ်” လို့ ဇီလန်စကီးက ဆိုပါတယ်။
၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုထံက လွတ်လပ်ရေး ကြေညာခဲ့တဲ့ အထိမ်းမှတ်ဖြစ်တဲ့ လွတ်လပ် ရေးနေ့မှာ ယူကရိန်းနိုင်ငံက ရုရှားရဲ့ အကြီးစား တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရပါတယ်။
အမေရိကန်နိုင်ငံရဲ့ ယူကရိန်းလွတ်လပ်ရေးနေ့ကို ထောက်ခံမှုပြသတဲ့အနေနဲ့ တင့်ကားဖျက်ဒုံးတွေ၊ အ မြောက်ကြီးတွေ၊ ကင်းထောက်ဒရုန်းတွေနဲ့ ရေဒါတွေအပါအဝင် ဒေါ်လာ ၃ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအ ညီ ယူကရိန်းကို ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက ယူကရိန်းကို ပံ့ပိုးကြဖို့ ရုရှားကျူးကျော်စစ်နောက်ပိုင်း ယူကရိန်းသို့သွား ရောက်တဲ့ တတိယမြောက်ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တိုက်တွန်းခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နောက်ပိုင်း ရုရှားကျူးကျော်စစ်ကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ သေဆုံးခဲ့ရပြီး တပ်ဖွဲ့ဝင် ၉၀၀၀ ကျော် ကျဆုံးကာ သန်းနဲ့ချီတဲ့ပြည်သူတွေ ပြည်ပကို ထွက်ပြေးခဲ့ရတယ်လို့ ယူကရိန်းနိုင်ငံက ဝန်ခံပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံမှာ ရုရှားတပ်ဖွဲ့တွေက ထိုးစစ်ဆင်မှုလုပ်ဆောင်ရမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှု နည်းအောင် ဆောင်ရွက်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူက ပြောပါတယ်။
ကိုးကား – The Guardian
Ref; At least 22 killed in Russian strike on rail station on Ukraine’s independence day