ကျိုက်လတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ဓါးမြတိုက်ငွေ စစ်အုပ်စုက ပြန်မပေးသေး

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၅ ရက်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာ ဩဂုတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ဓါးမြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

ဓါးမြတိုက်ချိန်မှာ ဘဏ်ကနေ ငွေကျပ်သိန်း ၅၀၀ ကျော်ပါသွားပြီး အဆိုပါအဖွဲ့ကို စစ်ကောင်စီတပ်သားတွေ လိုက်လံဖမ်းဆီးချိန်မှာ ဖျာပုံသွားတဲ့ ကားလမ်းမပေါ်မှာ ငွေကျပ်သိန်း ၅၀၀ ကျော်ကို ချပြီး ထွက်ပြေးသွား တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ ဓါးမြတိုက်တဲ့အဖွဲ့က မလွတ်တော့မှန်းသိတော့ ဂုံညှင်းတံတားစစ်ဆေးရေးဂိတ်နားမှာ ပိုက်ဆံထုတ်ချပြီး ထွက်ပြေးသွားတာ အဲ့အချိန်မှာ နောက်ကလိုက်တဲ့ စစ်သားတွေနဲ့ ရဲတွေက သေနတ်မိုးပေါ်ထောင်ဖောက်တာ” လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဓါးမြတိုက်တဲ့အဖွဲ့ ချထားခဲ့တဲ့ ငွေထုပ်ကို ကားပေါ်တင်ပြီး အုပ်စုလိုက် ကျိုက်လတ်မြို့ဘက်ကို ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

ဓါးမြတိုက်ခံရတဲ့ ငွေတွေကို စစ်ကောင်စီတပ်သားတွေက ပြန်သိမ်းဆည်းခဲ့ပေမယ့် ဘဏ်ကတာဝန်ရှိသူတွေ ထံကို ပြန်အပ်တာမျိုးတော့ မရှိသေးဘူးလို့ ဘဏ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဓာတ်ပုံ – ကျိုက်လတ်မြို့မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်နေစဥ်