မြန်အောင်တွင် ၅ တန်းကျောင်းသားက ၁ တန်းကျောင်းသား၏လည်ပင်းကို ဓားဖြင့်လှီး

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၅ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ တောကျွဲလူးအုပ်စု၊ ကျောင်းစုကျေးရွာ အလယ်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ၅ တန်းကျောင်းသားတစ်ဦးဟာ ၁ တန်းကျောင်းသားရဲ့လည်ပင်းကို ဓားနဲ့လှီးတဲ့ဖြစ်စဉ် သြဂုတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

၅ တန်းကျောင်းသားဟာ ၁ တန်းကျောင်းသား ကလေးငယ်ကို ကျောင်းအိမ်သာထဲမှာ တံခါးပိတ်ပြီး လည်ပင်းကို ခဲချွန်ဓားနဲ့ လှီးခဲ့တာဖြစ်တယ်ပြီး ၁ တန်း ကလေးငယ်ရဲ့အော်ဟစ်အကူအညီတောင်းခံမှုကြောင့် အခြားသော ကျောင်းသားတွေ သိရှိကာ ဆရာ၊ ဆရာမများထံ တိုင်ကြားခဲ့တာဖြစ်တယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။

ရုပ်သံ – ဧရာဝတီတိုင်းမ်