
ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ မြန်မာစစ်တပ်ကို တာဝန်ခံစေရေးကြိုးပမ်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလကိုယ်စားလှယ် တိုက်တွန်း
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၅ ရက်
ပြစ်မှုကျူးလွန်သူတွေကို တာဝန်ခံစေဖို့နဲ့ မြန်မာနိုင်ငံနဲ့ ပြည်ပရောက် ရိုဟင်ဂျာတွေအတွက် တရားမျှတ မှုရရှိရေး ကြိုးပမ်းမှုတွေကို ဆတက်ထမ်းပိုးပြုလုပ်ဖို့ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်ပြသူ တွမ်အန်ဒရူးက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းက ဒီတိုက်ခိုက်မှုတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုတွေအဖြစ် ခေါ်ဆိုရမှာဖြစ်ပါ တယ်။ မြန်မာစစ်တပ်က ဒီရာဇဝတ်မှုတွေအတွက် အခုချိန်ထိ တာဝန်ခံမှုမရှိသေးပါဘူး” လို့ တွမ်အန်ဒရူးက ဆို ပါတယ်။
မြန်မာစစ်တပ်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို အကျဉ်းချတာ၊ ကွက်မျက်တာအပြင် မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကျူးလွန်တာ အံ့အားသင့်စရာမဟုတ်ပါဘူးလို့ သူက ဆိုပါတယ်။
“ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်တပ်ကို တာဝန်ခံစေဖို့ အရေး ကြီးပါတယ်” လို့ တွမ်အန်ဒရူးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေ အိမ်ပြန်နိုင်ချိန်အထိ လူသား ချင်းစာနာမှု၊ ကျန်းမာရေးနဲ့ ပညာသင်ကြားခွင့်ရရှိရေး ပံ့ပိုးကူညီကြဖို့ ၄င်းက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်သူတွေက ICJ အပါအဝင် တရားရုံး တွေမှာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိဖို့ လက်တွဲဆောင်ရွက်နေတာကို သတိထားမိတယ်လို့ သူက ဆိုပါ တယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့အခြေအနေကို နှောင့်နှေးမှုမရှိဘဲ ICC ကို လွှဲပြောင်းပေးပြီး စီးပွား ရေး၊ သံတမန်နည်းလမ်းတွေနဲ့ စစ်ကောင်စီ ရာဇဝတ် ကောင်တွေကို အပြင်းထန်ဆုံး ဖိအားပေးရမယ်လို့ တွမ်အန်ဒရူးက ပြောပါတယ်။
ကိုးကား – United Nations Human Rights Office of The High Commissioner
Ref; UN expert calls for action against Myanmar military on anniversary of atrocities against Rohingya