
ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
စစ်ကိုင်းနှင့် မန္တလေးဗဟိုပြုကာ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ နေအိမ်၊ အဆောက်အဦများ ပြိုကျပျက်စီးကာ မြို့ခံများသည် မန္တလေးကျုံးဘေးတွင် တဲထိုးနေထိုင်နေရကြောင်း သိရသည်။
ယနေ့ မတ်လ ၃၀ ရက် နေ့လယ်ပိုင်းတွင် မန္တလေးမြို့တွင် အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၃ အဆင့်ရှိငလျင်လှုပ်ခတ်သွားပြီး သုံးရက်အတွင်းငလျင်သေးများဆက်တိုက်လှုပ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မန္တလေးမြို့ အပူချိန် ၃၉ ဒီကရီ စင်တီဂရိတ်အပူချိန်ရှိသည့် နေပူပူတွင် ငလျင်ဘေးဒဏ်သင့်ပြည်သူများ နေထိုင်ရပြီး လက်ရှိတွင် နေအိမ်၊ အဆောက်အဦများအတွင်း ပိတ်မိနေသူများကို ဆက်လက် ကယ်ထုတ်လျက်ရှိကာ အသက်ရှင်နေသူများရှိကြောင်း သိရသည်။
ဓာတ်ပုံ – မန္တလေးမြို့ခံတစ်ဦး
#မန္တလေး #ကျုံးဘေးနေထိုင်ရ #ငလျင်ဒဏ်သင့် #Ayeyarwaddy_Times