
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး စစ်ကောင်စီထံ ပြန်လည်လွှဲပို့မှု တစ်နှစ်ကျော်အတွင်း မြန်မာ နိုင်ငံသား၊ အလုပ်သမား ၂၀၀၀ ကျော်ရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုး ရ (NUG)၏ အလုပ်သမားဒုဝန်ကြီးက ပြောသည်။
NUG ၊ အလုပ်သမားဝန်ကြီးဌာနက ယနေ့မတ် ၂၈ ရက်၌ “အခြေခံအခွင့်အရေး ချိုးဖောက်ခံရမှုများကို တွန်းလှန်တိုက်ဖျက်ရင်း အနာဂတ်ဆီသို့…” ခေါင်းစဥ်ဖြင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားဒုဝန်ကြီး ဦကျော်နီက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီထဲမှာ ခန့်မှန်းအနည်းဆုံး ၅၀ ရာခိုင်နှုန်ကျော်က အဓမ္မစစ်သား စုဆောင်းခြင်း ခံရပြီးတော့ တချို့ကိုတော့ ငွေကြေးအမြောက်အများ တောင်းပြီးတော့ ပြန်လွှတ်ပေးခဲ့တယ် လို့ အချက်အလက် တွေအ ရ သိရပါတယ်” ဟု NUG အလုပ်သမား ဒုဝန်ကြီး ဦကျော်နီက မီဒီယာများကို ပြောသည်။
ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီအထိ ဖမ်းဆီးခဲ့၍ စစ်ကောင်စီထံ ပြန်လည်လွှဲပို့သော လူဦးရေမှာ ၂၂၃၆ ဦးရှိပြီး ထိုသူများမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထက် ဖြစ်ကြကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့တပ်အင်အား ပြန်လည်ဖြည့်တင်းနိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက် သွင်း၍ နေ့ညမရွေး အတင်းအဓမ္မ ဖမ်းဆီးငွေညှစ် တပ်သားသစ် စုဆောင်းနေသလို ပြည်ပထွက် ခွာ အလုပ်လုပ်ခွင့်လည်း ကန့်သတ်ပိတ်ပင်လိုက်ကြောင်း သိရသည်။
ထို့အပြင် ထိုင်း၊ မလေးရှား၊ အိန္ဒိယနိုင်ငံများတွင် အကြောင်းအမျိုးမျိုကြောင့် ဖမ်းဆီးခံရပြီး ပြန်လည် လွှဲပို့ လာသူများကိုလည်း စစ်ကောင်စီက အတင်းအဓမ္မ တပ်သားသစ် စုဆောင်းလျက်ရှိကြောင်း NUG ၊ အလုပ်သမားဝန်ကြီးဌာနထံက သိရသည်။
အလားတူ မလေးရှား၊ အိန္ဒိယနိုင်ငံများတွင် ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း ဖမ်းဆီး ခံရသူများ အနက် မြန်မာနိုင်ငံသား ၁၀၀၀ ကျော် ပါဝင်ရှိနေပြီး ထိုမှတစ်ဆင့် စစ်ကောင်စီထံ ပြန်လည်လွှဲပို့ ခံရသူ ရာကျော် ရှိကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီသည် စစ်မှုထမ်းစာရင်း ပါဝင်သည့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများကို ပြန်လည်ဝင်ရောက်ရန် ဖိအားပေးခြင်း၊ မိသားစုဝင်များကို ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်း စသည့် နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက်ရှိကြောင်း သိရသည်။
#ထိုင်းနိုင်ငံ #ဖမ်းဆီးခံရ #စစ်ကောင်စီ #ပြန်လည်လွှဲပို့ #မြန်မာနိုင်ငံသား #၂၀၀၀ #NUG #Ayeyarwaddy_Times