ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်

မြန်မာစစ်ကောင်စီက အကူအညီပေးဖို့ ရှားရှားပါးပါး အကူအညီတောင်းခံပြီးနောက် အမေရိကန် နိုင်ငံက အင်အားပြင်း မြေငလျင်ဘေးသင့် မြန်မာနိုင်ငံသို့ ကူညီမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၈ ရက်မှာ ကတိပြုလိုက်ပါတယ်။

“ဒါဟာ ကြောက်စရာပါဘဲ” လို့ မြန်မာစစ်အာဏာရှင်တွေရဲ့ အကူအညီတောင်းခံမှုကို မည်ကဲ့သို့ တုံ့ပြန်မည်လဲဟု မေးမြန်းရာမှာ ဒေါ်နယ်ထရမ့်က မြန်မာမြေငလျင်နဲ့ပတ်သက်လို့ ဘဲဥပုံခန်းမမှာ သ တင်းထောက်တွေကို ပြောပါတယ်။

“ဒါဟာ တစ်ကယ်ကို ဆိုးရွားပါတယ်။ ကျွန်တော်တို့ ကူညီပါမယ်။ ကျွန်တော်တို့ မြန်မာစစ် ကောင်စီနဲ့ ပြေဆိုပြီးပါပြီ” လို့ ၎င်းက ဆက်ပြောပါတယ်။

သောကြာနေ့က မြန်မာနဲ့ထိုင်းနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ် ခု လှုပ်ခတ်ခဲ့ရာ လူ ၁၅၀ ကျော် သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

မည်သည့်တိုင်းပြည်၊ မည်သည့်အဖွဲ့အစည်းကမဆို ကယ်ဆယ်ရေးပစ္စည်းတွေ ကူညီကြဖို့ မြန်မာ စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်က နိုင်ငံပိုင်မီဒီယာမှထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ဖိတ်ခေါ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ၄ နှစ်ကြာ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံရဲ့ အခြေ ခံအဆောက်အအုံတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်စီးသွားခဲ့ရာ ယခုလိုမျိုး သဘာဝဘေး အန္တရာယ်ကို တုံ့ပြန်ဖို့ မလုပ်ဆောင်နိုင်ပါဘူး။

ကိုးကား – AFP
Ref; Trump says US will help after Myanmar quake

#Ayeyarwaddy_Times