
ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
ဧရာ၀တီတိုင်းအတွင်းရှိ တိုက်ပွဲများဖြစ်ပွားခဲ့သော ရေကြည်နှင့် လေးမျက်နှာမြို့နယ်များမှ ကျေးရွာများကို မတ်လနောက်ဆုံးပါတ်အတွင်း စစ်ကောင်စီမှ စားသောက်ကုန် သယ်ယူခွင့် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
မြို့နယ်နှစ်မြို့နယ်အတွင်း ပုသိမ်-မုံရွာကားလမ်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်ကို စားသောက်ကုန်များသယ်ယူရာတွင် အာရက္ခတပ်တော် AAပူးပေါင်းတပ်များထံ ရိက္ခာပို့နိုင်သည်ဟု စွပ်စွဲကာ ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ လမ်းတစ်လျှောက်ဂိတ်တွေချထားပြီး ဆန်နဲ့ဆီအပါအ၀င် တော်တော်များများပေးမဖြတ်ဘူး၊ ငွေ ကြေးနဲ့ညှိလို့ရပြန်တော့လည်း ငါးသောင်းတန်ကုန်ပစ္စည်းက တစ်သိန်းခွဲလောက်ဖြစ်ကုန်တော့ ဒေသခံတွေအတွက် အခက်အခဲတွေဖြစ်ကုန်တာပေါ့”ဟုဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ ကုန်းလမ်း၊ ရေလမ်း လုံခြုံရေးတိုးမြှင့်မှုများ ပြုလုပ်ထားပြီး စစ်ဘေးရှောင်ကြသူအချို့ရှိနေသော်လည်း ကျေးရွာများတွင် ဆက်လက်နေထိုင် သူများသည် စားသောက်ကုန်များပိတ်ပင်ထားသည့်အတွက် ဆန်နှင့်စားနပ်ရိက္ခာများ ၀ယ်ယူမရသည့်အခြေအနေများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
#တိုက်ပွဲဖြစ်ပွားနေသော #ရေကြည် #လေးမျက်နှာမြို့နယ် #ကျေးရွာအချို့ #စားသောက်ကုန်သယ်ယူခွင့် #စစ်ကောင်စီပိတ်ထား #Ayeyarwaddy_Times