
ဧရာ၀တီတိုင်းမ်
မတ် ၂၉ ရက်
ယမန်နေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်က စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ရစ်ချက်တာစကေး ၇ ဒသမ ၇ ပြင်းအားအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်း၊ မန္တလေး၊ အောင်ပန်းနှင့် နေပြည်တော်အပါအဝင် မြန်မာနိုင်ငံနေရာဒေသ ခြောက် ခုထက်မနည်း ပျက်စီး ထိခိုက်မှုများရှိခဲ့သည်။
ထို့သို့ ပြင်းအားမြင့်မားသည့် ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်ခဲ့သည်။ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ငလျင်ငယ်များသည် သုံးလ မှ ခြောက်လ ခန့်အထိ ဆက်တိုက်လှုပ် ခတ်နိုင်ကြောင်း သိရသည်။
မေး…..။ငလျင်ကြီးတွေလှုပ်ပြီးချိန်မှာ ဘာတွေဆက်လက်လုပ်ဆောင်ဖို့ လိုပါသလဲ..။
ဖြေ…..။ငလျင်ကြီးတွေကြောင့် အဆောက်အအုံတွေအက်သွားတာ။ မြေလွှာအက်ကွဲ ကြောင်းတွေ ပေါ်လာတာရှိပါတယ်။ ငလျင်ကြီး လှုပ်ပြီးတိုင်းနောက်ဆက်တွဲ ငလျင်ငယ် တွေကြောင့် အဆောက်အဦ ပြိုကြတာ၊ မြေပြိုတာ၊ တောင်ပြိုတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ငလျင်ကြီးလှုပ်ပြီးတိုင်း နောက်ဆက်တွဲ ငလျင်လာနိုင်မှာမို့ ကိုယ်ရဲ့အဆောက် အဦးပြန်လည်စစ်ဆေးတာတို့၊ မြေပြင်စစ်ဆေးတာတို့ လုပ်သင့်ပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံငလျင်ကော်မတီ နာယက ဦးစိုးသူရထွန်းကို ဧရာ၀တီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည့် ယခင်အင်တာဗျူးမှ ထုတ်နုတ်၍ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
#ငလျင်ကြီးလှုပ် #ငလျင်ငယ်များ #ဆက်တိုက်လှုပ်နိုင် #ဆက်လက်လုပ်ဆောင် #Ayeyarwaddy_Times