
ဧရာ၀တီတိုင်းမ်
မတ် ၂၈ ရက်
ယနေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်က စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ရစ်ချက်တာစကေး ၇ ဒသမ ၇ ပြင်းအားအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်း၊ မန္တလေး၊ အောင်ပန်းနှင့် နေပြည်တော်အပါအဝင် မြန်မာနိုင်ငံနေရာဒေသ ခြောက် ခုထက်မနည်း ပျက်စီး ထိခိုက်မှုများရှိခဲ့သည်။
မေး…..။ ငလျင်ကြီးတွေလှုပ်ပြီးရင် နောက်ထပ်ငလျင်ထပ်လှုပ်နိုင်သေးလား ဆရာ..။
ဖြေ…..။ငလျင်ကြီးလှုပ်ပြီးရင် နောက်ထပ်ငလျင်ငယ်တွေဆက်တိုက်လှုပ်တက်ပါတယ်။ ဒါဟာဖြစ်ရိုးဖြစ်စဉ်သဘာ၀ပါ။ ရစ်(ခ်)တာစကေး ၆.၆၊ ၆.၇၊ ၆.၈ လောက်ပြင်အားရှိတဲ့ ငလျင်လှုပ်ပြီးပြီဆိုရင် နောက်ထပ်ငလျင်ငယ်လေး ၂ လလောက်ဆက်တိုက် လှုပ်တတ်ပါ တယ်။ ရစ်(ခ်)တာစကေး ၇ လောက်ပြင်းအားရှိငလျင်ဆို ၃ လလောက်ဆက် တိုက်လှုပ်ပြီး တချို့ဆို ၆ လလောက်အထိလှုပ်တတ်ပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံငလျင်ကော်မတီ နာယက ဦးစိုးသူရထွန်းကို ဧရာ၀တီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည့် ယခင်အင်တာဗျူးမှ ထုတ်နုတ်၍ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
#ငလျင်ကြီးလှုပ် #ငလျင်ငယ်များ #ဆက်တိုက်လှုပ်နိုင် #Ayeyarwaddy_Times