ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်

မန္တလေးမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြု၍ လှုပ် ခတ်ခဲ့သည့် ပြင်းအား ၇.၇ ရှိ မြေငလျင်ကြောင့် သေဆုံးသူအရေအတွက် ၁၄၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၄၆၄ ဦးရှိဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

နေပြည်တော်နယ်မြေတွင် ၉၆ ဦး၊ စစ်ကိုင်းတွင် ၁၈ ဦးနှင့် ကျောက်ဆည်တွင် ၃၀ ဦးရှိပြီး ဒဏ်ရာရရှိသူ များမှာ နေပြည် တော်တွင် ၄၃၂ ဦး၊ စစ်ကိုင်းတွင် ၃၀၀ ဦး၊ ကျောက်ဆည်တွင် ၇၃၂ ဦးရှိပြီးသေဆုံးထိခိုက်ဒဏ်ရာရသူများ ထပ်မံမြင့်တက်လာနိုင်သည်ဟု စစ်ခေါင်းဆောင်က စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တိုင်း ၊ ကျောက်ဆည်မြို့ သုံးထပ်အဆောက်အဦ၌ မူကြိုကျောင်းပြိုကျရာ ကလေး ၅၀ ကျော်ပိတ်မိနေပြီး ဆရာမနှစ်ဦးနှင့် ကလေးအချို့သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

ငလျင်လှုပ်ခတ်ပြီးနောက် မန္တလေးမြို့ စိန်ပန်းရပ်ကွက်တွင် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

ထို့အပြင် Sky Villa Condo ပြိုကျမှုဖြစ်စဉ်တွင်လည်း လူအများအပြား သေဆုံးနိုင်ဖွယ်ရှိပြီး ကယ်ဆယ်ရေးများလုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူများစာရင်းကို နယ်မြေများအလိုက် ဖော်ပြရာတွင် မန္တလေးမြို့၏ အခြေအနေကို အသေးစိတ်ကိုမူ သိရခြင်းမရှိသေးပေ။

#ငလျင် #လတ်တလော #သေဆုံးသူ #၁၄၄ ဦး #ထိခိုက်ဒဏ်ရာရ #၁၄၆၄ ဦး #စစ်ခေါင်းဆောင် #ထုတ်ပြန် #Ayeyarwaddy_Times