ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်

စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ရစ်ချက်တာစကေး ၇ဒသမ၇ ပြင်းအားအဆင့်ရှိ ငလျင်လှုပ်ခတ်သွားသည့်အတွက် စစ်ကိုင်း၊ မန္တလေး၊ ‌အောင်ပန်းနှင့် နေပြည်တော်အပါအဝင် နေရာ ခြောက်ခုထက်မနည်း ပျက်စီး ထိခိုက်မှုများရှိကြောင်း သိရသည်။

ယနေ့ မတ် ၂၈ ရက် နေ့လည် ၁၂ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပျဉ်းမနားမြို့ရှိ ခလရ ၈၅ တပ်ရုံးအဆောက်အဦများ၊ တိုင်းစစ်ဌာနချုပ်ရုံးနှင့် စစ်ရုံးချုပ်ထဲမှ အဆောက်အဦများ ပြိုကျပျက်စီးမှုရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“လွှတ်တော် အဆောက်အဦ ဝန်ထမ်းအိမ်ရာ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်ရုံး ပြီးရင် ပျဉ်းမနားမြို့လယ်က ခလရ ၈၅၊ အုပ်ချုပ်မှုရုံးအပါအဆောက်အဦတွေ စ်စရုံးချုပ်ထဲမှာလည်း ပြိုကျပျက်စီးမှုတွေ များတယ်လို့ သိရပါတယ်။ နေပြည် တော်က အိုးရှင်းစင်တာလည်း ပြိုတယ်လို့သိရတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#နေပြည်တော် #စစ်ရုံးချုပ် #လွှတ်တော် #ငလျင် #ပြင်းအားမြင့် #ပြိုကျ #Ayeyarwaddy_Times