ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်

မန္တလေးမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြု၍ အင်အား ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် ငလျင်ဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးအချို့ကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့်နေရာများကို အရေးပေါ်အခြေအနေဖြင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ကြေညာလိုက်ကြောင်း ထုတ်ပြန်ထားသည်။

အင်အားပြင်း ၇.၇ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် အထက်ပါဒေသများတွင် နောက်ဆက်တွဲငလျင်ငယ် သုံးခုခန့်လှုပ်ရှားသွားကြောင်း သိရသည်။

စစ်ကောင်စီက အဆိုပါဒေသများတွင် ပျက်စီးဆုံးရှုံးမှုများကို စုံစမ်းစစ်ဆေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်သွားမည်ဟု ပြောဆိုထားပြီး သတင်းများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက အချိန်နှင့်တစ်ပြေးညီ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့် ကောလာဟလများကို သတိထားဆင်ခြင်ကြရန် ထုတ်ပြန်ပြောဆိုထားသည်။

အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပျက်စီးဆုံးရှုံးမှုများပြားပြီး လူထိ သခိုက်သေဆုံးမှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရသည့် မန္တလေး၊ စစ် ကိုင်းနှင့် နေပြည်တော်ရှိ ဆေးရုံများသို့ ထိခိုက်ဒဏ် ရာရရှိသည့် လူနာများရောက်ရှိလာရာ ခုတင်များပင် မဆံ့တော့ကြောင်း သိရသည်။

နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာအချို့တွင်လည်း ပိတ်မိနေသည့် ဝန်ထမ်းများ ငလျင်လှုပ်ခတ်ပြီး ၂ နာရီကျော်ကြာသည်အထိ ကယ်ဆယ်မည့်သူမရှိကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

ငလျင်ဒဏ်ခံစားခဲ့ရသည့် နေပြည်တော်ရှိ ဆေးရုံတစ်ခုသို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

#စစ်ကောင်စီ #ငလျင်ဒဏ် #တိုင်းဒေသကြီးအချို့ #အရေးပေါ် #ကြေညာ #Ayeyarwaddy_Times