
ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်
ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ပန်တိုင်ဂိတ်တွင် မတ်လ အစပိုင်းမှစတင်ပြီး ခရီးသွား လူငယ်များကို အဓိကထားစစ်ဆေးကာ ဖမ်းဆီးမှုများရှိနေကြောင်း ခရီးသွားပြည်သူများထံက သိရသည်။
ရန်ကုန်ဘက်မှ ၀င်ရောက်လာသော မော်တော်ယာဥ်များကို တစ်စီးခြင်းစစ်ဆေးနေပြီး တစ်ဦးခြင်း၏ မှတ်ပုံတင်များကိုလည်း တောင်းယူကာ တင်းကျပ်စွာစစ်ဆေးနေကြောင်း သိရသည်။
“ကားထဲက လူအကုန်ကိုဓါတ်ပုံရိုက်တယ်။ မှတ်ပုံတင်တွေကို သူတို့ ဝရမ်းထုတ်ထားတဲ့သူ ပါမပါ ကွန်ပြူတာနဲ့ စစ်ဆေးတာ တော်တော်ကြာတယ်။ အချို့ဆို ကားပေါ်ကဆင်းကျန်ခဲ့ရတာတောင်ရှိတယ်”ဟု ခရီးသည်တင်ယာဥ်မောင်းတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မတ်လ ဒုတိယပါတ်အတွင်း ခရီးသွားလူငယ်များထဲမှ လူငယ် ခြောက်ဦးထက်မနည်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာ၀တီတိုင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် တိုင်းအတွင်းသို့ ၀င်ရောက်နိုင်ခြင်းမရှိစေရေး စစ်ဆေးရေးဂိတ်များတွင် ၀ရမ်းထုတ်ထားသူများစာရင်းကို ပေးကာ စစ်ဆေးခိုင်းနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရသည်။
အခြားသောတိုင်းနှင့်ပြည်နယ်များရှိ စစ်ကောင်းစီစစ်ဆေးရေးဂိတ်များတွင်လည်း ကိုယ်ရေးအချက်များနှင့် တိုက်ဆိုင်စစ်ဆေးနေသည့်အတွက် စီဒီအမ်များနှင့် ဖမ်းဝရမ်းထုတ်ခံထားရသူများ ဖမ်းဆီးခံနေရကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
#ဧရာ၀တီ #ရန်ကုန်အစပ် #ပန်တိုင်ဂိတ် #လူငယ်များ #အဓိကထားစစ်ဆေး #လူငယ်အချို့ဖမ်းဆီးခံရ
#Ayeyarwaddy_Times