
ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်
မြန်မာ့အကျပ်အတည်း ပိုဆိုးရွားသောကြောင့် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ ဟာ မြန်မာ့အရေး ဆွေးနွေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် ဂျူလီဘစ်ရှော့ပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်တည်ငြိမ်ရေး၊ ဒုက္ခသည်အခြေအနေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနဲ့ စီးပွားရေး အထောက်အကူပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ အက်စ်ဂျိုင်ရှန်ကာက လူမှုကွန် ရက် X မှာ ရေးသားခဲ့ပါတယ်။
အရပ်သားတွေကို သတ်ဖြတ်မှုကြောင့် မြန်မာစစ်ကောင်စီဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ အမျက်ဒေါသ ကို ရင်ဆိုင်နေရချိန်မှာ အိန္ဒိယနိုင်ငံဟာ လုံခြုံရေး အကျိုးစီးပွားကို အခြေခံပြီး မြန်မာ့အရေးဖြေရှင်းဖို့ နည်းလမ်းရှာနေပါတယ်။
မြန်မာပဋိပက္ခဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ အိန္ဒိယအစိုးရက ယူဆရပါတယ်။
တရားမဝင် မူးယစ်ဆေး၊ လက်နက်ကုန်သွယ်မှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ် ရှားမှုတွေကို စစ်ဆေးရာမှာ မြန်မာစစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အိန္ဒိယအစိုးရ က ဆုံးဖြတ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကကျင်းပတဲ့ ဘင်းစတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မှာတက်ရောက်ဖို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ လာမယ့်အပတ်မှာ ထိုင်းနိုင်ငံ၌ကျင်းပမယ့် ဘင်းစတက် ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေး မယ်လို့ ယူဆရပါတယ်။
ကိုးကား – The Times of India
Ref; Jaishankar meets UNSG special envoy for Myanmar
#Ayeyarwaddy_Times