ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော ရှမ်ပြည်နယ် (မြောက်ပိုင်း) ရှိ ကျောက်မဲနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တအာင်းပြည် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တအာင်းပြည် ရဲတပ်ဖွဲ့က မတ်လ ၂၄ ရက်နေ့တွင် သတင်းအရ ကျောက်မဲမြို့၊ ရပ်ကွက် ၁ ရှိ ဒေါ်သန်းတင်၏နေအိမ်ကို ၀င်ရောက်ရှာဖွေရာ ၄င်းနေအိမ်မှ WY စာတန်းပါ စိတ်ကြွဆေးပြားနှင့် ပန်သီးတံဆိပ်ပါ စိတ်ကြွဆေးပြား ၂၉၆၀၀ နှင့် ငွေသားသိန်း ၁၁၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်သည်။

ထိုနောက် နေအိမ်အတွင်းရှိနေသာ မူးယစ်ဆေးဝါးများကို လာရောက်ဝယ်ယူသုံးစွဲသူ မောင်မြင့်၊ ဝင်းထွေး၊ မောင်မတ်၊ ၀င်းမင်းထွန်း၊ နေစိုး၊ ထက်မြတ်ကျော်၊ နာနည်း၊ အောင်နိုင်၀င်းနှင့် အိုက်ကျော်တို့ကို တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးရောင်းသူ ဒေါ်သန်းတင်နှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကွတ်ခိုင်မြို့နယ်၊ မော်ဟစ်ကျေးရွာမှ အသက် ၃၀ အရွယ် ဦးအောင်ခိုင်ဝင်းအား ဘိန်းဖြူထည့်ထားသည့် ပင်နယ်စလင်ဗူး ၄၀ ဗူးနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်းကျေးရွာမှ အသက် ၄၀ အရွယ် ဦးသန်းလုမ်ကို စိတ်ကြွဆေးပြား ၈ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည့် အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၁၂ ဦးကို မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – PSLF/TNLA
#Ayeyarwaddy_Times #TNLA #မူးယစ်ဆေး၀ါး