ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာရဲ့ ခေါင်းဆောင်မှု စမ်းသပ်ချက်တစ်ခုအဖြစ် လွှတ်တော်တွင်း အယုံအကြည်မရှိ အဆိုမဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုမှာ ရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။

အစိုးရရဲ့ မူဝါဒရေးရာတွေမှာ ပေထောင်တန်ရဲ့ဖခင်ဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ လွှမ်းမိုးမှုတွေနဲ့ပတ်သက်လို့ အတိုက်အခံတွေက အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့တာပါ။

အောက်လွှတ်တော်အမတ်တွေက အယုံအကြည်မရှိအဆိုကို ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲနဲ့ ကြားနေမဲ ၇ မဲပေးခဲ့ပါတယ်။ ရလဒ်ကြောင့် ပျော်ရွှင်မိပြီး အဆိုပြုချက် မဲခွဲမှုမှာပါဝင်တဲ့ လွှတ် တော်အမတ်တွေကို ကျေးဇူးတင်ရှိတယ်လို့ ပေထောင်တန်က ပြောပါတယ်။

အတိုက်အခံအမတ်တွေက ပေထောင်တန်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေ အထူးသဖြင့် သူ့ရဲ့ စီး ပွားရေးဗဟုသုတကို ဝေဖန်ဖို့ အယုံအကြည်မရှိ အဆိုတင်သွင်းမှုကို အသုံးချခဲ့တာပါ။

အစိုးရအဖွဲ့မှာ တရားဝင် အခန်းကဏ္ဍမရှိတဲ့ သက်ဆင်ရဲ့ သြဇာလွှမ်းမိုးမှုအောက် ထိုင်းအစိုးရ ကရှိနေတယ်လို့ အတိုက်အခံတွေက စွပ်စွဲခဲ့ပါတယ်။

အဆိုပါစွပ်စွဲချက်တွေကို ပေထောင်တန်က ပယ်ချခဲ့ပြီး သူဟာ တစ်စုံတစ်ဉီးရဲ့ သြဇာလွှမ်းမိုးမှုခံ ရသူ မဟုတ်ဖူးလို့ ပြောဆိုလိုက်ပါတယ်။

သူ့ကို ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေရှိခဲ့ပြီး လွှတ်တော်တွင်းမှာ လူ တိုင်း ထိုသို့လုပ်ဆောင်ခွင့်ရှိတယ်လို့ ၎င်းက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

သြဂုတ်လမှာ ဝန်ကြီးချုပ်ရာထူး စတင်တာဝန်ယူပြီးနောက်ပိုင်း သူ့ရဲ့စွမ်းဆောင်ရည် အထင် ကြီးစရာမရှိဘူးလို့ ပြီးခဲ့တဲ့လအတွင်း အစိုးရအဖွဲ့အစည်းတစ်ခုကလုပ်ဆောင်တဲ့ စစ်တမ်းတစ်ခုက ပြသ ခဲ့ပါတယ်။

စစ်တမ်းကို ဖြေကြားသူတွေရဲ့ ထက်ဝက်ကျောက်က ပေထောင်တန်ရဲ့စွမ်းဆောင်ရည်ကို အားမ ရဘူးလို့ ဆိုပါတယ်။

ကိုးကား – NHK
Ref; Thailand’s PM survives no-confidence motion