(အခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးမှာ မစွက်ဖက်ဖို့ အမေရိကန်ကို တရုတ် သတိပေး)

ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

ဗင်နီဇွဲလားနိုင်ငံမှ ရေနံတင်သွင်းမှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စည်းကြပ်ခွန် သစ် သတ်မှတ်လိုက်မှုကို တရုတ်နိုင်ငံက ရှုတ်ချခဲ့ပြီး အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် တဲ့ တရားမဝင် ဒဏ်ခတ်ပိတ်ဆို့မှုလို့ ပြောဆိုလိုက်ပါတယ်။

“အမေရိကန်နိုင်ငံရဲ့ တရားမဝင် တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလွဲသုံးစားမှုနဲ့ လက် နက်နဲ့ တရားစီရင်မှုကို တရုတ်နိုင်ငံက ခိုင်မာစွာ ဆန့်ကျင်ပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာ နမှ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပေကျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှ ရေနံ သို့မဟုတ် ဓာတ်ငွေ့ဝယ်ယူတဲ့ မည်သည့်တိုင်းပြည်ကမဆို အမေရိကန် နိုင်ငံနဲ့ ကုန်သွယ်ပါက စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ပေးရမယ့်အမိန့်ကို ဒေါ်နယ်ထရမ့်က ကြေညာတဲ့အ ပေါ် မေးခွန်းနဲ့ပတ်သက်လို့ သူက အခုလို ဖြေကြားတာပါ။

ဗင်နီဇွဲလား ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာ ရပ်ဆိုင်းဖို့ Guo Jiakun က တိုက်တွန်းခဲ့ ပြီး ဗင်နီဇွဲလားနိုင်ငံအပေါ် တရားမဝင် တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့တာ ဖျက်သိမ်းဖို့ အမေရိကန်အ စိုးရကို တောင်းဆိုခဲ့ပါတယ်။

ဗင်နီဇွဲလားနဲ့အခြားတိုင်းပြည်တွေရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို လုပ်ဆောင်ဖို့လည်း ၎င်းက တောင်းဆိုခဲ့ပါတယ်။

ဧပြီလ ၂ ရက်မှာ အာဏစတည်မယ့် ဒေါ်နယ်ထရမ့်ရဲ့ အမိန့်သစ်အရ ဗင်နီဇွဲလားနိုင်ငံမှဖြစ်စေ တတိယတိုင်းပြည်မှဖြစ်စေ ဗင်နီဇွဲလားရေနံကို ဝယ်ယူတဲ့ မည်သည့်တိုင်းပြည်မဆို စည်းကြပ်ခွန် ၂၅ ရာ ခိုင်နှုန်း သတ်မှတ်မှာဖြစ်ပါတယ်။

“ကုန်သွယ်ရေးစစ်ပွဲ သို့မဟုတ် စည်းကြပ်ခွန်စစ်ပွဲမှာ အနိုင်ရသူမရှိဘဲ ထပ်တိုးစည်းကြပ်ခွန် သတ်မှတ်တာဟာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေအတွက် ပိုမိုကြီးမားတဲ့ ဆုံးရှုံးမှု တွေသာ ဖြစ်စေပါမယ်” လို့ Guo Jiakun က ပြောပါတယ်။

ကိုးကား – Anadolu
Ref; China slams Trump’s tariffs on importing Venezuelan oil

#Ayeyarwaddy_Times