ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

အမေရိကန်စစ်တပ်က ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံ ဟူသီအဖွဲ့ကို မတိုက်ခိုက်မီ လေးမှာ ထိပ်တန်း အစိုးရအရာရှိကြီးတွေဟာ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Signal မှာ စစ်ပွဲအစီအစဉ်တွေ ကို မတော်တဆ မျှဝေခဲ့မိတယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေက မတော်တဆဖြစ်စဉ်ကို ပေါက်ကွဲခဲ့ပြီး အမေရိကန် အ မျိုးသားလုံခြုံရေး ကျိုးပေါက်မှုနဲ့ ကွန်ဂရက်က စုံစမ်းစစ်ဆေးရမယ့် ဉပဒေချိုးဖောက်မှုတစ်ခုဖြစ်တယ် လို့ ပြောဆိုလိုက်ပါတယ်။

“Houthi PC small group” လို့ခေါ်တဲ့ Signal မှာ အုပ်စုဖွဲ့ ဆွေးနွေးတဲ့ဂရုမှာ ဝင်ရောက်ဖို့ မတ် လ ၁၃ ရက်က မမျှော်လင့်ဘဲ သူ့ကို ဖိတ်ကြားခဲ့တယ်လို့ အတ္တလန္တိတ်မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးလ်ဘဂ်က ပြောကြားခဲ့ပါတယ်။

အဆိုပါ Signal ဂရုမှာ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝပ်ဇ်က လက်ထောက်ဖြစ်သူ အဲ လက်ဝေါင်ကို အမေရိကန်ရဲ့ ဟူသီအဖွဲ့တိုက်ခိုက်ရေးမှာ ညှိနှိုင်းဆောင်ရွက်ရမယ့် “Tiger Team” ခေါ် အဖွဲ့တစ်ခု ထူထောင်ဖို့ တာဝန်ပေးခဲ့ပါတယ်။

Signal ဂရုဟာ အစစ်အမှန်ဖြစ်ပုံပေါ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြော ရေးဆိုခွင့်ရှိသူ ဘရိုင်ယန်ဟူးဂျစ်က ပြောပါတယ်။

ပင်လယ်နက်အတွင်း တိုက်ခိုက်မှုတွေကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မတ်လ ၁၅ ရက်မှာ ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ကို တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး ဟူသီအဖွဲ့ကို ထောက်ပံ့တာ ချက် ချင်း ရပ်တန့်ဖို့ အီရန်နိုင်ငံကို သတိပေးခဲ့ပါတယ်။

တိုက်ခိုက်မှုမစတင်မီ နာရီအနည်းငယ်အလိုမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က Signal ဂရုမှာ ပစ်မှတ်တွေ၊ အမေရိကန်ကသုံးမယ့် လက်နက်တွေ စတဲ့စစ်ပွဲအစီအစဉ် အသေးစိတ် ကို တင်ခဲ့ပါတယ်။

Signal ဂရုမှာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ စီအိုင် အေ ညွှန်ကြားရေးမှူး ဂျွန်ရတ်ကလစ်၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး တူလ်စီဂတ် ဘတ်၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်၊ အိမ်ဖြူတော်အကြီးအကဲ ဆူစီဝိုင်းစ်နဲ့ အမျိုးသား လုံခြုံရေး ကောင်စီ တာဝန်ရှိသူတွေ ပါဝင်တယ်လို့ ဂျက်ဖရီဂိုးလ်ဘဂ်က ဆိုပါတယ်။

ဖြစ်စဉ်ကို သတိမထားမိဘူးလို့ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြော ပါတယ်။ “ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွန်တော် ဘာမှ မသိပါဘူး” လို့ ၎င်းက ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်နေပြီး သမ္မတ ဒေါ်နယ်ထရမ့်ကို ဖြစ်စဉ်နဲ့ပတ်သက်လို့ ရှင်း ပြခဲ့တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က Signal ဂရုမှာ ယီမင်စစ်ပွဲအစီအစဉ်တွေ မျှ ဝေခဲ့တာကို ငြင်းဆန်ခဲ့ပါတယ်။

“ဘယ်သူကမှ စစ်ပွဲအစီအစဉ်ကို မျှဝေခဲ့တာမရှိပါဘူး။ ကျွန်တော်ပြောနိုင်တာ ဒါပဲဖြစ်ပါတယ်” လို့ တနင်္လာနေ့က ဟာဝိုင်အီသို့ တရားဝင် ခရီးစဉ်တစ်ခုမတိုင်မီ ၎င်းက သတင်းထောက်တွေကို ပြော ကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; White House mistakenly shares Yemen war plans with a journalist at The Atlantic

#Ayeyarwaddy_Times