
ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
အမေရိကန်နိုင်ငံဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ အဆင့်သုံးဆင့်နဲ့ အပစ်အခတ်ရပ်စဲရေး အောင်မြင်စေလိုတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝပ်ဇ်က ပြောပါတယ်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့က တနင်္လာနေ့မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံ၌ ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ မပြုလုပ်မီ အမေရိကန်သတင်းဌာန Fox News က မိုက်ခ် ဝပ်ဇ်နဲ့ အင်တာဗျူးကို ထုတ်လွှင့်ခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းဟာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေ၊ ရေနံပိုက်လိုင်းတွေနဲ့ ဓာတ်အား ပေးလိုင်းတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာ ရပ်တန့်ဖို့လိုအပ်မယ်လို့ သူက ဆိုပါတယ်။
ယုံကြည်မှုတည်ဆောက်ရာမှာ ပထမအဆင့်အဖြစ် ရုရှားနဲ့ယူကရိန်းကြား အကျဉ်းသားတွေလဲ လှယ်ဖို့ ၎င်းက တောင်းဆိုခဲ့ပါတယ်။
အရေးပါသော အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ပါ မပါတော့ အမေ ရိကန်နိုင်ငံက ထုတ်ဖော်မပြောခဲ့ပါဘူး။
ပင်လယ်နက်ဒေသအထိ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ၎င်းက အဆိုပြုခဲ့ပြီး စွမ်းအင်အဆောက် အအုံတွေကို မတိုက်ခိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
တတိယအဆင့်အနေနဲ့ ယူကရိန်းနဲ့ ရုရှားထိန်းချုပ်ဒေသတွေတစ်လျှောက် နယ်နိမိတ်မျဉ်းတစ်ခု သတ်မှတ်ရေး သဘောတူဖို့ မျှော်လင့်တယ်လို့ သူက ဆိုပေမယ့် ခက်ခဲမယ်လို့ ဝန်ခံခဲ့ပါတယ်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့က တနင်္လာနေ့ ဆွေးနွေးမှုမှာ အဆိုပြုချက်တင်ပြမှာဖြစ်ပြီး ယူ ကရိန်းနိုင်ငံက ဘယ်လို တုံ့ပြန်မလဲဆိုတာ မေးခွန်းတွေရှိနေပါတယ်။
ကိုးကား – NHK
Ref; US to propose three-stage ceasefire plan for Ukraine: White House NSA Waltz
#Ayeyarwaddy_Times