
ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ယူကရိန်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေကြစဉ် ဒေါ်နယ်ထ ရမ့်ရဲ့ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ချီးကျူးလိုက်ပါတယ်။
ယူကရိန်းအနာဂတ် စေ့စပ်ညှိနှိုင်းမှုတွေ ဉီးဆောင်ဖို့ ဒေါ်နယ်ထရမ့် တာဝန်ပေးထားတဲ့ အိမ်ခြံ မြေလုပ်ငန်းရှင်ဟောင်း စတိဗ်ဝစ်ကော့ဖ်ဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကြာသပတေးနေ့က ဒုတိယအကြိမ်အဖြစ် မော်စကိုမြို့တော်မှာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ယဉ်ကျေးသိမ်မွေ့တဲ့ ပူတင်ကို သဘောကျတယ်လို့ စတိဗ်ဝစ်ကော့ဖ်က ပြောပါတယ်။ “ကျွန် တော်က ပူတင်ကို လူဆိုးတစ်ယောက်အဖြစ် မသတ်မှတ်ပါဘူး။ သူက အလွန် စမတ်ကျသူပါ” လို့ ၎င်း က ဆက်ပြောပါတယ်။
ဒေသခံပြည်သူတွေကို သေနတ်ထောက်ပြီး မဲထည့်ခိုင်းတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေစဉ် ရုရှားတွေဟာ ပိုင်နက်နယ်မြေ ထိန်းချုပ်ပိုင်ခွင့်ရှိတယ်လို့ သူက ဆိုပါတယ်။
ဆော်ဒီအာရေးဘီးယားနိုင်ငံမှာပြုလုပ်မယ့် ဆွေးနွေးပွဲမှာ အဓိကအားဖြင့် ကုလသမဂ္ဂ ကျော ထောက်နောက်ခံပြု ပင်လယ်နက်ဒေသ ရေလမ်းကြောင်းအသုံးပြုခွင့် သဘောတူညီချက်ဖြစ်လာမယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။
ပူတင်က ငြိမ်းချမ်းရေး လိုချင်မယ်လို့ ယုံကြည်ကြောင်း စတိဗ်ဝစ်ကော့ဖ်က Fox News သတင်း ဌာနကို သောကြာနေ့က ပြောပါတယ်။
တနင်္ဂနွေနေ့ ဆွေးနွေးမှုမှာ သဘောတူညီချက်မရရင် စေ့စပ်ညှိနှိုင်းမှုတွေအစဖြစ်လို့ ခက်ခဲတာ လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ပြောပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်အရ ယူကရိန်းအတွက် စစ်ဘက်လုံခြုံရေး အာမခံချက်တွေပေး မယ့် ညွန့်ပေါင်းဖွဲ့စည်းမယ့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတန်မာရဲ့ အစီအစဉ်ကိုလည်း သူက ဝေဖန်ခဲ့ပါ တယ်။
ကိုးကား – The Independent
Ref; Trump’s special envoy Steve Witkoff praises ‘super smart’ Putin ahead of Ukraine ceasefire talks
#Ayeyarwaddy_Times