
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ်၂၅ ရက်
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ၊ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားအနီး မုဒ်ဦးတွင် ယာယီတပ်စွဲနေထိုင်ကာ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသော စစ်ကောင်စီတပ်သားများ အလစ်ငိုက်ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးသွားကြောင်း ဒူရက စစ်ကြောင်း ထံမှ သိရသည်။
ထားဝယ်မြို့ ၊ရှင်ကိုးရှင်သမိုင်းဝင်ရှင်ဓာတ်ဝဲဘုရား မုဒ်ဦးတွင် တပ်စွဲနေထိုင်ပြီး ခရီးသွား ပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသော စစ်ကောင်စီတပ်သားများကို မတ်လ ၂၂ ရက် ညနေ ၃ နာရီ ဝန်းကျင်ခန့်တွင် အလစ်ငိုက် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“မုဒ်ဦး မှာယာတပ်စွဲထားတာက သုံးဆယ်လောက်ရှိတယ်။ အဲ့ဒီကောင်တွေ ခရီးသွားပြည်သူ တွေ နဲ့ မော်တော်ကားတွေဆီကနေပြီး စစ်ကြေးကောက်တာပေါ့။ အဲ့ဒါကို ကျွန်တော်တို့ အလစ်ငိုက် ဝင်ပစ်တာပါ။ တစ်ကောင်က လမ်းပေါ်မှာသေတယ်။ နောက်တစ်ကောင်က စနှိုက်ဘာ နဲ့ထိပြီး သေတယ်။ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာက မိနစ် ၃၀ လောက်ရှိတယ်။ လက်နက်ခဲယမ်းတွေကိုတော့ သိမ်းဆည်းရမိတာမရှိခဲ့ပါဘူး” ဟု ဒူရကစစ်ကြောင်း၏ တာဝန်ရှိသူ ကိုဖားကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး ဒူရဂ စစ်ကြောင်း ပူးပေါင်းအဖွဲ့များမှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) ၏ ဒူရဂစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ဒူရက စစ်ကြောင်း
#ထားဝယ် #ရှင်ကိုးရှင် #ရှင်ဓာတ်ဝဲဘုရား #ယာယီတပ်စွဲနေထိုင် #ဆက်ကြေးကောက် #စစ်ကောင်စီတပ်သားများ #ပစ်ခတ်ခံရ #၂ဦးသေဆုံး Ayeyarwaddy_Times