
ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနဲ့ဆိုင်တဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေစဉ် ထိုင်းအစိုးရက နယ်စပ်လုံခြုံရေး အစီအမံတွေ အရှိန်မြှင့်လျက်ရှိပါတယ်။
အမျိုးသားလုံခြုံရေးကောင်စီ ဉက္ကဌလည်းဖြစ်သူ ကာကွယ်ရေးဝန်ကြီး ဝီချာရာချိုင်းဟာ စနေ နေ့က နယ်စပ်ဒေသတွေမှာ လုံခြုံရေးခြိမ်းခြောက်မှုတွေ တားဆီးရေးနှင့် ဖြေရှင်းရေးဆိုင်ရာကော်မတီ ရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးမှာ တာဝန်ရှိသူတွေဟာ ဆိုက်ဘာရာဇဝတ်ကောင်တွေနဲ့ လူကုန်ကူးသူတွေရှိရာ မြန်မာနိုင်ငံရှိ ဒေသတစ်ချို့သို့ လောင်စာဆီ၊ လျှပ်စစ်ပစ္စည်း၊ ဆက်သွယ်ရေးကိရိယာတွေ တင်ပို့မှုပိတ် ပင်ပြီးနောက် လုံခြုံရေးအခြေအနေကို သုံးသပ်လေ့လာခဲ့ပါတယ်။
မြေပြင်၊ ရေပြင်နဲ့ ဝေဟင်မှာ မူးယစ်မှောင်ခိုကူးမှု အပါအဝင် သီးသန့်ခြိမ်းခြောက်မှုတွေကို ဖြေ ရှင်းမယ့် အထူးစစ်ဆင်ရေးစင်တာတွေနဲ့ ဥပဒေအကြံပေးကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ဆွေးနွေးခဲ့ပါ တယ်။
မြန်မာနိုင်ငံရှိ ဒေသအချို့သို့ ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီတင်ပို့မှု တင်းကြပ်ထား ခြင်းကို ဖြေလျှော့ပေးမှာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒေသအချို့မှာရှိတဲ့ ရာဇဝတ်ကွန်ရက်တွေကို တိုက်ဖျက်နိုင်ရေး အဆိုပါအစီအမံတွေ မရှိမဖြစ်လိုအပ်ကြောင်း ဝီချာရာချိုင်းက ပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ၊ မြဝတီမြို့မှ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံရှိ အ ခြားနေရာများသို့ ရွှေ့ပြောင်းနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးအပြင် လာအိုအာဏာ ပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူခဲ့တယ်လို့ သူက ဆိုပါတယ်။
မြန်မာနယ်စပ်အနီး တက်ခ်ပြည်နယ်ရှိ ခရိုင်ငါးခုကို အထူးလုံခြုံရေးဇုန်တွေအဖြစ် သတ်မှတ်ဖို့ အဆိုပြုချက်နဲ့ပတ်သက်လို့ ၎င်းက စီးပွားရေး အကျိုးသက်ရောက်မှုနဲ့ ဖြစ်တန်ချေကို အကဲဖြတ်ဖို့ ဆွေး နွေးမှုတွေ အရင် ပြုလုပ်ရမယ်လို့ ပြောပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိရာ တိုင်းပြည်ဟာ ပူးပေါင်းဆောင်ရွက်မှုမှာ ဉီးဆောင်သင့်တယ် လို့ ကျားဖြန့်ပြဿနာ ရေရှည်ဖြေရှင်းဖို့ မေးမြန်းချက်ကို ဝီချာရာချိုင်းက အကြံပြုပါတယ်။
ကိုးကား – Bangkok Post
Ref; Border security measures to intensify amid criminal threat
#Ayeyarwaddy_Times