
ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန်ရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၂၀ ကျပ်သားပါသွားကြောင်း သိရသည်။
အမျိုးသား လေးဦးသည် ယနေ့ မတ် ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က သေနတ်ပြပြီး ရွှေဆိုင်အတွင်း ဝင်ရောက်ကာ ရွှေထည်များကို ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့ဝင်နှင့်နီးစပ်သူထံမှ သိရသည်။
“ဆိုင်ရှင်ရယ် ဆိုင်ရှင်သမီးနဲ့ ဝန်ထမ်းကောင်မလေးတွေက ဆိုင်ဖွင့်ပြီး သိပ်မကြာဘူး ဓားပြတိုက်ခံရတာ။ လောဆယ် ရွှေ ၂၀ ကျပ်သားပါသွားတယ်လို့ သိရတယ်”ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိတ်ရှိန်ရွှေဆိုင်ပိုင်ရှင် ဦးမိုးအောင်နှင့် သမီးဖြစ်သူတို့အပြင် ဝန်ထမ်း ခုနစ် ဦးတို့ ရှိနေစဉ် အမျိုးသား လေးဦးမှ ဆိုင်အတွင်းဝင်လာကာ တစ်ဦးမှသေနတ်ပြပြီး ရွှေထည်များကို ယူဆောင်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဓားပြတိုက် ယူဆောင်သွားသည့် အဆိုပါအမျိုးသား လေးဦးကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။
ပုံစာ-တိတ်ရှိန် ရတနာရွှေဆိုင်
#ရန်ကုန် #ပန်းဘဲတန်း #တိတ်ရှိန် #ရွှေဆိုင် #ဓားပြတိုက် #ရွှေ၂၀ကျပ်သား #Ayeyarwaddy_Times