ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူလေးဉီးထက်မ နည်း သေဆုံးကာ ခြောက်ဉီး ဒဏ်ရာရရှိခဲ့ပြီး ၁၅၀၀ ဝန်းကျင်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။

သောကြာနေ့က စန်ချောင်စီရင်စုမှာ စတင်ခဲ့တဲ့ တောမီးဟာ အခြားဒေသသုံးခုသို့ ပျံ့နှံ့သွားခဲ့ပြီး ဒဏ်ရာရရှိသူ (၅) ဉီးဟာ စိုးရိမ်စရာအခြေအနေလို့ ဆိုးလ်မြို့တော်အခြေစိုက် ယွန်ဟပ်သတင်းဌာနက ဆိုပါတယ်။

မီးသတ်သမားတွေဟာ မီးတောက်ထိန်းချုပ်ရာမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပြီး မီးလောင်မှုကို ငြှိမ်းသတ်ဖို့ အာဏာပိုင်တွေက ရဟတ်ယာဉ်သုံးစင်း စေလွှတ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းက စန်ချောင်စီရင်စုမှာ တောမီးလောင်ကျွမ်းမှုရဲ့ ၃၀ ရာခိုင်နှုန်းဝန်းကျင် ကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ရာသီဉတု ခြောက်သွေ့မှု အခြေအနေတွေကြောင့် မီးလောင်ကျွမ်းမှုက ပျံ့သွားခဲ့တာလို့ ဘေး အန္တရာယ်ထိန်းချုပ်ရေးဌာန ဒုတိယအကြီးအကဲ လီဟန်ကျောင်က ပြောပါတယ်။

လက်ရှိအချိန်ထိ ဘောလုံးကွင်း ၄၆၀၀ ခန့်နဲ့ညီမျှတဲ့ မြေ ၃၂၈၆ ဟက်တာ မီးလောင်ကျွမ်းခဲ့ပြီး မြေ ဟက်တာ ၁၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဒေသ (၄) ခုမှာ မီးတောက် ငြှိမ်းသတ်ဖို့ မီးသတ်သမားတွေ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားအစိုးရက တောမီးလောင်ကျွမ်းမှုကြောင့် စနေနေ့မှာ အရေးပေါ်အခြေအနေ တစ်ရပ် ကြေညာခဲ့ပါတယ်။

ကိုးကား – Anadolu

Ref; At least 4 killed, 1,500 evacuated in wildfires raging through South Korea’s southeastern region

#Ayeyarwaddy_Times