ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်

ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အဖွဲ့ဟာ တရုတ်နိုင်ငံသူ ပေါင်ကျားအမ်မီလီလျူကို အ လိုရှိကြောင်း ပိုစတာတစ်ခု မျှဝေကာ အမေရိကန်ထုတ်ဒရုန်းတွေကို အီရန်နိုင်ငံသို့ မှောင်ခိုကူးတယ်လို့ စွပ်စွဲခံထားရတဲ့ သူနဲ့အပေါင်းပါတွေအကြောင်း သတင်းပေးနိုင်သူကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ် လာ ၁၅ သန်း ဆုကြေးထုတ်ထားတယ်လို့ ပြောပါတယ်။

ဒရုန်းတွေကို တရုတ်နဲ့ဟောင်ကောင်မှတစ်ဆင့် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ထောက်ပို့တပ်ဖွဲ့ထံ တရားမဝင် မှောင်ခိုကူးမှုမှာ ပါဝင်မှုကြောင့် အမ်မီလီ လျူနဲ့ တရုတ်နိုင်ငံသားသုံးဉီးကို သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ တရားရေး ဝန်ကြီးဌာနက စွဲချက်တင်ခဲ့ပါတယ်။

အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားတဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ ငွေကြေးယန္တယားတွေကို ဖြတ်တောက်နိုင်ရေး သတင်းပေးနိုင်ပါက ဒေါ်လာ ၁၅ သန်း ဆုကြေးချီးမြှင့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၉ ရက်မှာ ပြောကြားခဲ့ပါ တယ်။

“အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဟာ ဟားမာစ်၊ ဟစ်ဇ်ဘိုလာနဲ့ အီရတ်နိုင်ငံရှိ စစ်သွေးကြွအဖွဲ့တွေမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို ငွေကြေးထောက်ပံ့ခဲ့ပါ တယ်။ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဟာ ဒရုန်းတွေအပါအဝင် စစ်လက်နက်တွေ ရောင်းချမှုမှတစ်ဆင့် အကြမ်းဖက်လှုပ်ရှားမှုတွေကို ငွေကြေးမတည်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

၂၀၀၇ ခုနှစ်အစမှာ အမ်မီလီလျူနဲ့ သူ့ရဲ့အပေါင်းအဖော်တွေဟာ ဒရုန်း၊ ပဲ့ထိန်းဒုံးကျည်နဲ့ အခြား စစ်လက်နက်တွေ ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ အမေရိကန်နိုင်ငံထုတ် အီလစ်ထရောနစ် အစိတ် အပိုင်းတွေကို တရုတ်ကုမ္ပဏီတွေမှတစ်ဆင့် အီရန်ကုမ္ပဏီတွေထံ မှောင်ခိုကူးခဲ့တယ်လို့ ထုတ်ပြန်ချက် က ဖော်ပြပါတယ်။

ဒေါ်နယ်ထရမ့်က ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံ ဟူသီအဖွဲ့ကိုတိုက်ခိုက်ဖို့ အမိန့် ပေးကာ အစ္စရေးနိုင်ငံက ဂါဇာဒေသကို ဗုံးကြဲမှုကြောင့် ဟားမာစ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး အဆုံး သတ်သွားပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမ်မီလီလျူနဲ့ အခြားသူသုံးဉီးကို အခုလို ဆုကြေးထုတ်လိုက်တာပါ။

အမ်မီလီလျူနဲ့ သူ့ရဲ့အပေါင်းအဖော်တွေဟာ အမေရိကန်ထုတ် စစ်လက်နက်အစိတ်အပိုင်းတွေ ကို တရုတ်နိုင်ငံမှတစ်ဆင့် အီရန်စစ်တပ်ထံ တရားမဝင် မှောင်ခိုကူးခဲ့တယ်လို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – Fox News
Ref; $15M reward announced for alleged Chinese ringleader, others accused of smuggling US drone technology to Iran

#Ayeyarwaddy_Times