ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်

ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို စီးနင်းကာ နှိမ်နင်းပြီး နောက် လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းတွေ ချိုးဖောက်မှုကြောင့် ဗီယက်နမ်နိုင်ငံသားအများအပြားကို ယာယီ ထိန်းသိမ်းထားတယ်လို့ မြန်မာစစ်ကောင်စီအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရအမျိုးသမီး ဖန်သူဟန်က မြန်မာနိုင်ငံရှိ ဗီ ယက်နမ်သံရုံးရဲ့ အချက်အလက်တွေကို ကိုးကားပြီး အခုလို ပြောဆိုခဲ့တာပါ။

“နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံး က ဗီယက်နမ်နိုင်ငံသားတွေ ဘေးကင်းလုံခြုံရေးနဲ့ နေထိုင်ရေးအဆင်ပြေစေဖို့ ဒေသန္တရအာဏာပိုင်တွေ ထံ တောင်းဆိုခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

ထိန်းသိမ်းခံရတဲ့ ဗီယက်နမ်နိုင်ငံသားတွေ မည်သူမည်ဝါဆိုတာ အတည်ပြုဖို့ နိုင်ငံခြားရေးဝန် ကြီးဌာနက လက်ရှိမှာ ဒေသန္တရအာဏာပိုင်တွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်နေပါတယ်။

ကာကွယ်ရေးအစီအမံတွေ မဆိုင်းမတွ ဖော်ဆောင်ဖို့နဲ့ နေရပ်ပြန် နိုင်ငံသားတွေကို ကူညီနိုင်ရေး ဒေသန္တရအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်ဖို့ မြန်မာနဲ့ထိုင်းနိုင်ငံရှိ ဗီယက် နမ်ကိုယ်စားလှယ်ရုံးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြဝတီမြို့ရှိ ကျားဖြန့်ဂိုဏ်းတွေလက်မှ ကယ်ထုတ်ထားတဲ့ ဗီယက်နမ်နိုင်ငံသားတွေ နေရပ်ပြန် ပို့ရေး စီစဉ်နေတယ်လို့ ဖန်သူဟန်က ဆိုပါတယ်။

ကိုးကား – VNS
Ref; Việt Nam works to assist citizens detained in Myanmar’s crackdown on cyberscam centres

#Ayeyarwaddy_Times