မွန်ပြည်နယ်တွင် ဓားပြမှု၊ လုယက်မှု၊ အနုကြမ်းစီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

နိုင်း/ ဧရာဝတီတိုင်မ်း

(မွန်)၊ ဩဂုတ်လ ၂၄ ရက်

မွန်ပြည်နယ်တွင် ဩဂုတ်လအတွင်း မြို့နယ်အများစု၌ ဓားပြမှုများ၊ အနုကြမ်းစီးမှုများ၊ လုယက်မှုများ နေစဥ်ဆိုသလို ဖြစ်ပွားနေကြောင်း သိရသည်။

မွန်ပြည်နယ်၊ ပေါင်၊ မော်လမြိုင်၊ သံဖြုဇရပ်၊ ရေးမြို့နယ်များ၌ ပစ္စည်းလု လူသတ်မှုအပါအဝင် လက်နက်ဖြင့်အနုကြမ်းစီးမှုများ၊ လုယက်မှုများ၊ ဓားပြတိုက်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေသည်ဟု ဒေသခံအချို့က ဆိုသည်။

“ရေးမှာတော့ ငွေညှစ်တာတွေ ဓားမြမှုတွေတော့ ရှိတယ်ဆိုပီးကြာပေမဲ့ တိတိကျကျမသိရဘူး၊ ဒါပေမဲ့ နေ့ဘက်ရော ညဘက်ရော ဆိုင်ကယ်လု‌တာတွေ ဆိုင်ကယ်ခိုးတာတွေတော့ခနခနဖြစ်တယ်”ဟု ရေးမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။

ပေါင်မြို့နယ်၌ ဩဂုတ်လ ၂၃ ရက်နေ့တွင်လည်း မိုဘိုင်းဖုန်းအရောင်းဆိုင်တစ်ခု ဖောက်ထွင်းခိုးယူခံရကြောင်း သိရသည်။

ထို့အပြင် မော်လမြိုင်မြို့တွင်လည်း အမျိုးသမီးတစ်ဦးအား‌ နေအိမ်သတ်ဖြတ်ကာ ပစ္စည်းလုမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ သံဖြူဇရပ်မြို့နယ်တွင်လည်း ရွှေဆိုင်၊ သင်္ကန်းတိုက်၊ ရော်ဘာပစ္စည်းအရောင်းဆိုင် စသည့်ဆိုင်များအား လက်နက်ဖြင့်အနုကြမ်းစီးကာ ဓားပြမှုများ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

ထိုကဲ့သို အနုကြမ်းစီးမှုများအား ကျူးလွန်သူများက ကျူးလွန်ခံရသူများအား သတင်းပေးတိုင်ကြားခြင်း၊ ပြန်လည်ပြောဆိုခြင်းမပြုကြရန်၊ သတင်းဖုံးထားကြရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကျူးလွန်ခံရသူအချို့၏ ပြောဆိုချက်များအရ သိရသည်။

လုယက်မှု၊ ဓားပြမှုတွေ နေ့စဥ်ဆိုသလိုဖြစ်ပွားနေသည့် မွန်ပြည်နယ်မှ ဒေသခံပြည်သူလူထုအနေဖြင့် တန်ဖိုးကြီးလက်ဝတ်ရတနာများ ဝတ်ဆင်သွားလာခြင်းမပြုလုပ်ကြရန် ညရေးညတာလူပြတ်တဲ့နေရာတွေမသွားလာကြရန် လုံခြုံရေးနဲ့အသက်အန္တရာယ်အတွက် ကာကွယ်နေထိုင်ကြရန် ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက သတိပေးပြောဆိုထားသည်။

#မွန် #လုယက်မှု #ဓားပြမှု #နေ့စဥ်

#Ayeyarwaddy_Times