မတူပီမြို့တွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုကြောင့် ဒေသခံပြည်သူများ အလုပ်လက်မဲ့ဖြစ်နေ

ဗွီအာတီ/ ဧရာဝတီတိုင်းမ်

(မတူပီ)၊ ဩဂုတ်လ ၂၃ ရက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ဒေသခံပြည်သူများ အလုပ်လက်မဲ့ဖြစ်လာပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိရန် ခက်ခက်ခဲခဲရုန်းကန်ရှာဖွေနေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် မြို့အဝင်၊ အထွက်များတွင် စစ်ကောင်စီတပ်များက စခန်းများချထားပြီး ပြည်သူလူထုများမြို့အပြင်ဘက်သို့ လွတ်လပ်စွာ သွားလာခြင်းတို့ကို ကန့်သတ်ပိတ်ပင်လိုက်ခြင်းကြောင့် ဒေသခံပြည်သူများအတွက် ဝင်ငွေအခွင့်အလမ်းရရှိရန် ပိုမိုကျဥ်းမြောင်းလာသည်ဟု ဒေသခံအချို့က ဆိုသည်။

“မြို့အပြင်ဘက်မှာရှိတဲ့ မိမိခြံမှာ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေ သွားရောက်ခူးယူဖို့တောင်မှ လွတ်လွတ်လပ်လပ်သွားလာလို့ မရဘူး။ မြို့ပတ်ပတ်လည်မှာ သူတို့ တပ်ကင်းစခန်းချထားတာ။ မြို့ပြင်သွားမယ်ဆိုရင် အမျိုးမျိုးစစ်ဆေးမေးမြန်းမှုတွေလုပ်တယ်။ မြို့အနီးအနားက ကျေးရွာတွေမှာ ဆွေမျိုးအသိုင်းအဝိုင်းရဲ့ နာရေး၊ သာရေးကိစ္စဖြစ်ဖြစ်၊

ခေတ္တအလုပ်လုပ်ကိုင်ရန်ပဲ ဖြစ်ဖြစ်သွားလာခွင့်မပြုဘူး။ မြို့ထဲမှာလည်း မိသားစုဝမ်းရေးအတွက် အလုပ်လုပ်ကိုင်ဖို့လည်း ဘာလုပ်ငန်းမှ မရှိဘူးပေါ့နော်။ မတူပီမြို့မှာရှိတဲ့ ပြည်သူလူထုတွေကတော့ အလုပ်လက်မဲ့ဖြစ်ကုန်တဲ့အတွက် အကုန်အခက်တွေ့နေကြတယ်” ဟု မတူပီမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်များက ကုန်တင်ယာဉ်အဝင်/အထွက်များကို ကန့်သတ်ခြင်းကြောင့် ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာပြီး တင်ဒါလုပ်ငန်းများရပ်နားခြင်း၊ စားသောက်ကုန်များပြတ်လပ်ခြင်းကြောင့် မြို့တွင်း စားသောက်ဆိုင်များပိတ်ထားရခြင်း၊ အခြားအသေးစားအလုပ်ငန်းများအားလုံးရပ်နားခြင်းနှင့် မြို့ပြင်ဘက်သွားလာမှုကို

ကန့်သတ်ပိတ်ပင်လိုက်သည့်အတွက် ပြည်သူလူထုများဝင်ငွေရရှိရန် အခွင့်အလမ်းပိုမို နည်းပါးလာရခြင်းဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

#မတူပီ #အလုပ်အကိုင် #အခွင့်အလမ်း #အလုပ်လက်မဲ့

#Ayeyarwddy_Times