
ထိုင်းတရားရုံးက ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ရာထူးကနေ ရပ်ဆိုင်းဖို့ ညွှန်ကြားလိုက်ပြီ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၄ ရက်
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား ယနေ့မှစပြီး ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်မှုရပ်ဆိုင်းဖို့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်သက်တမ်း ရှစ်နှစ်ကျော်ပြီဖြစ်လို့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်တာဝန် ကို ဆက်လက်ထမ်းဆောင်ခွင့်ရှိတော့လို့ အတိုက်အခံပါတီတွေက ရာထူးကနေဖယ်ရှားဖို့ တင်ပြတာကို တရားရုံး က လက်ခံပြီး အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အတိုက်အခံပါတီတွေရဲ့ တင်ပြချက်ကိုလက်ခံဖို့ တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့တာလို့ တရားရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
တရားရုံးရဲ့ တရားဝင်ကြေညာချက်ကို အစိုးရက မရရှိသေးပေမယ့် ပရာယွတ်က ဘယ်လိုထိုင်းနိုင်ငံသား လိုမျိုးမဆို ညွှန်ကြားချက်ကို လိုက်နာလိမ့်မယ်လို့ အစိုးရအဖွဲ့ လက်ထောက်ပြောရေးဆိုခွင့်ရအမျိုးသမီး တီပါနန် က ပြောပါတယ်။
၂၀၁၇ ခုနှစ်မှာ စစ်တပ်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပရာယွတ်ရဲ့ ဝန်ကြီးချုပ်သက်တမ်းက ကုန်ဆုံးသင့်ပြီဖြစ်ပြီး သြဂုတ်လ ၂၃ ရက်ထက် ကျော်လွန်ပြီး တာဝန်မထမ်းဆောင်သင့်ဘူးလို့ အတိုက်အခံတွေ က ပြောပါတယ်။
ဝန်ကြီးချုပ် ပရာယွတ်ရဲ့ ရာထူးသက်တမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်တဲ့ ၂၀၁၇ ခုနှစ်မှသာ စတင်ရေတွက်သင့်တယ်လို့ ထောက်ခံသူတွေက ပြောပါတယ်။
ရာထူးကနေ ရပ်ဆိုင်းခံရတဲ့ ပရာယွတ်ရဲ့နေရာမှာ ဒုတိယဝန်ကြီးချုပ် ပရာဆစ်ဝဏ္ဏသုဝဏ်က ယာယီဝန် ကြီးချုပ် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – Bloomberg
Ref; Thai Court Suspends Prayuth From PM Duties Pending Term Ruling