ကျိုက်လတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ဓားမြတိုက်ခံရ
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၄ ရက်
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာရှိတဲ့ စစ်အုပ်စုလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်ကို အမည်မသိလူအုပ်စုက နေ့လည် ၂ နာရီလောက်မှာ ဝင်ရောက်ဓားမြတိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓားမြတိုက်တဲ့အဖွဲ့မှာ လက်နက်တွေပါ ပါလာတာကြောင့် သေနတ် တွေနဲ့ထောက်ပြီး ဘဏ်ကနေ ငွေသိန်း ၅၀၀ ကျော်ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖြစ်စဥ်အသေးစိတ်ကိုတော့ ဧရာဝတီတိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။